အူရီဒူးမြန်မာ၊ Facebook နှင့် GSMA တို့နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံ တစ်ဝန်းတွင် ဒီဂျစ်တယ် ဗဟုသုတ တိုးပွားရေး “Internet 1O1”စတင်မိတ်ဆက်ပွဲ ကိုယနေ့ ဇွန်လ ၁၁ရက်နေ့က နေပြည်တော်ရှိ Kempinski ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ “Internet 1O1”ကို တစ်နိုင်ငံလုံးရှိ ကျေးရွာများတွင် အော်ရီဒူး အရောင်းဆိုင်လေးများတွင် မိုဘိုင်းဖုန်း အသုံးပြုသူများကို ၄င်းတို့အတွက် အသုံးဝင်ပြီး တကယ်လိုအပ်မည့် အွန်လိုင်းသတင်းအချက်အလက်နှင့် အွန်လိုင်းကို အန္တရာယ်ကင်းစွာ အသုံးပြုပုံကို သုံးစွဲသူများအား နားလည်လွယ်ကူသော ဗီဒီယိုပြသမှုကဲ့သို့သော ပညာပေးအထောက်အကူ ပစ္စည်းများဖြင့် အူရီဒူးအရောင်းဝန်ထမ်းများမှ မျှဝေရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိမြန်မာနိုင်ငံတွင် အော်ရီဒူးဆင်းကတ်အသုံးပြုသူသည် ၁ဝသန်းကျော်ရှိနေပြီး အဆိုပါ “Internet 1O1”ကို ကျေးရွာပေါင်း ၆ဝဝကျော်တွင် ဖြန့်ဝေပေးထားပြီဖြစ်ကြောင်းသိရသည်။
ရိုက်ကူးတည်းဖြတ်- အောင်မြတ်သူ
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/57780