ဇွန် ၉ ။ ။ အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်မှာ ပြိုင်ဘက် နိုင်ငံရေးပါတီ ထောက်ခံသူများအကြား အချင်းများပြီး သေနတ်ပစ်ခတ်မှု ဖြစ်လို့ လူ လေးဦး သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ဇွန်လ ၉ ရက်မှာ ပြောပါတယ်။
ယင်းပစ်ခတ်မှုအတွင်း အိန္ဒိယ အာဏာရ လက်ယာယိမ်းပါတီကို ထောက်ခံသူ သုံးဦးနဲ့ ပြိုင်ဘက် ဒေသဆိုင်ရာ ပါတီတစ်ခုကို ထောက်ခံသူတစ်ဦး တို့ သေဆုံးသွားကြောင်း သိရပါတယ်။
နိုင်ငံအရှေ့ပိုင်း ပြည်နယ်မှာ ဇွန်လ ၈ ရက်က ဖြစ်ခဲ့တဲ့ ယင်း ပဋိပက္ခတွေအတွင်း အခြား လူ ၁၈ ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိသွားတယ်လို့ ဆိုပါတယ်။
“ ဒီ ဖြစ်စဉ်မှာ BJP ပါတီ ထောက်ခံသူသုံးဦးနဲ့ အခြား ဒေသဆိုင်ရာ ထရီနာမူးလ် ပါတီ ထောက်ခံသူတစ်ဦးတို့ သေဆုံးသွားပါတယ်” လို့ ရဲတစ်ဦးက ပြောပါတယ်။
နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်နေတဲဲ့ ယင်း ပြည်နယ်မှာ ခုလို ပြိုင်ဘက် နိုင်ငံရေးပါတီ ထောက်ခံသူများအကြား အချင်းများ အကြမ်းဖက်မှုဖြစ်စဉ်တွေဟာ မကြာခဏ ဆိုသလို ဖြစ်နေလျက် ရှိပါတယ်။
ယင်းပြည်နယ်မှာတော့ BJP ပါတီက ၁၈ နေရာ အနိုင်ရရှိထားခဲ့ပါတယ်။