ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
အရွက််လေးက ခပ်ထူထူလေးနဲ့ မြေလျှောက်ပင်လေးလိုမျိုး မြေကြီးမှာ ကပ်ပေါက်နေတဲ့ အပင်လေးကို ငယ်ငယ်က ကစားဖို့အရွက်လေးတွေ ခူးရင်း မြင်ဖူးကြမှာပါ။ ကျောက်သင်ပုန်းဖျက်ဖို့အတွက် သုံးလို့ရတယ်လို့ပြောတာကြားဖူးမှာပေါ့။ ဒီအရွက်လေးတွေက ကျောက်သင်ပုန်းဖျက်လို့ရတယ်ဆိုတာထက်ပိုတဲ့ အာနိသင်တွေရှိနေတယ်ဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေ။
ကျောက်သင်ပုန်းရွက်လေးတွေက အခုလိုဆေးဖက်ဝင်ပါတယ်
ဒီအရွက်လေးရဲ့ ဆေးဖက်ဝင်မှုကို သိပ္ပံနည်းကျလေ့လာဆန်းစစ်မှုတွေလုပ်ထားတာဖြစ်ပါတယ်။
ကင်ဆာတိုက်ဖျက်ပေးနိုင်တယ်
ကျောက်သင်ပုန်းရွက်မှာပါတဲ့ P.Pellucida က ကင်ဆာဆဲလ်တွေကြီးထွားမှုကို ဟန့်တားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတဲ့သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးပါ။
ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတယ်
ကျောက်သင်ပုန်းရွက်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်ကက free radicals တွေကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။
ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးတယ်
ကျောက်သင်ပုန်းရွက်မှာပါတဲ့ patuloside A လို့ခေါ်တဲ့ ဒြပ်ပေါင်းက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး ရောဂါပိုးတွေအန္တရာယ်ကနေ အထိရောက်ဆုံးကာကွယ်ပေးသွားမှာဖြစ်ပါတယ်။
အဆစ်ရောင်နာကို သက်သာစေနိုင်ပါတယ်
အဆစ်အမြစ်ရောင်သူတွေနဲ့ ကျောက်သင်ပုန်းရွက်ကို ကျိုသောက်ပေးမယ်ဆိုရင် အရောင်ကျဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေနီးပါး သက်သာစေတာကိုတွေ့ရမှာပါ။ ဒူးနာသူတွေအတွက်လည်း သင့်တော်ပါတယ်။
သွေးတွင်း ယူရစ်အက်ဆစ်ကိုကျစေနိုင်တယ်
ကျောက်သင်ပုန်းရွက်က သွေးတွင်းယူရစ်အက်ဆစ်ကျချင်သူတွေ စားပေးသင့်တဲ့ သဘာဝဆေးတစ်မျိုးပါ။ ကျောက်သင်ပုန်းရွက်မှာပါတဲ့ allopurino က သွေးတွင်း ယူရစ်အက်ဆစ်ပမာဏကို ထိန်းချုပ်ပေးနိုင်ပါတယ်။
စိတ်ဓာတ်ကျတာကို သက်သာစေနိုင်ပါတယ်
ကျောက်သင်ပုန်းရွက်လေးက စိတ်ဓာတ်ကျဝေဒနာခံစားနေရသူတွေအတွက် အဆင်ပြေပါတယ်။ စိတ်ကျန်းမာစေဖို့အတွက် အကောင်းဆုံး သဘာဝဆေးတစ်မျိုးပေါ့။
အလေ့ကျပေါက်တဲ့ ကျောက်သင်ပုန်းရွက်လေးကို ရေစင်အောင်ဆေးပြီး ရေနွေးဆူဆူထဲ ထည့်ကျိုလို့ သောက်ပေးတာက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစေတယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်မေမေတွေ၊ နို့တိုက်မေမေနဲ့ ကျောက်သင်ပုန်းရွက်နဲ့ ဓာတ်မတည့်သူတွေကတော့ မစားသင့်ပါဘူး။ အသင့်အတင့်က အဆင်ပြေပေမယ့် အရမ်းများရင် ဆိုးကျိုးရှိလာနိုင်တာကြောင့်ပါ။