အဆုံးအဖြတ် ပေးနိုင်တဲ့ သုတေသနပြုချက်ကို အခြေခံပြီး နော်ဝေနိုင်ငံက ပညာရှင်တွေဟာ ကင်ဆာ ကုသနိုင်တဲ့ ဆေးကို သုံး၊ လေးနှစ်အတွင်း ထုတ်လုပ်နိုင်ဖို့ အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။
"အကြီးမားဆုံး အိပ်မက်က ကင်ဆာဟာ ကုသနိုင်တဲ့ နာတာရှည်ရောဂါ ဖြစ်လာဖို့ပါပဲ။ ကင်ဆာ နဲ့ သေဆုံးရတာထက် ကင်ဆာဖြစ်နေပေမယ့် အသက်ရှင် နေထိုင်သွားနိုင်ဖို့ပဲ။" လို့ အခု ကင်ဆာဆေးကို သုတေသနပြုနေတဲ့ Ultimovacs ဆေးဝါးကုမ္ပဏီမှ စီအီးအို ဂျိုနက်စ်အင်နာဆန်က ပြောပါတယ်။
အဲဒီကုမ္ပဏီအနေနဲ့ ကင်ဆာအမျိုးအစားအားလုံးအတွက် ကုသရာမှာ သုံးနိုင်ပြီး အစွမ်းထက်ကြောင်း မှတ်ကျောက်တက်ခံနိုင်မယ့် ဆေးတစ်မျိုးကို သုတေသနပြု ထုတ်လုပ်နေတာပဲ ဖြစ်ပါတယ်။
မိသားစုအတွင်း ကင်ဆာမျိုးရိုးရှိသူ လူနာတွေအတွက် ကင်ဆာ မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ဖို့ အခု စမ်းသပ်လျက်ရှိတဲ့ဆေးအပေါ် အားထားနိုင်မယ်လို့လည်း ကုမ္ပဏီက ယုံကြည်လျက် ရှိနေပါတယ်။
အခုဆေးဟာ လက်ရှိကင်ဆာကုထုံးတွေ ခံယူထားတဲ့လူနာတွေ အသက်ရှင်သန်ရေး မှာ တော်တော်လေး ထောက်ကူလိမ့်မယ်လို့ သုတေသနပညာရှင်တွေက ပြောပါတယ်။
ပညာရှင်တွေအနေနဲ့က အခုဆေးဝါးအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ သုတေသနကို ကင်ဆာပျံ့နှံ့နေတဲ့ လူနာ ၁၅၀ ခန့်နဲ့ သုတေသနပြု စမ်းသပ်သွားတော့မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
နော်ဝေးအခြေစိုက် Norway today အွန်လိုင်းသတင်းစာမှာ ဖော်ပြထားတာဖြစ်ပြီး ဒီသတင်းစာဟာ ရေနံ၊ စွမ်းအင်၊ အစိုးရသတင်းနဲ့ နိုင်ငံရေးသတင်းတွေကို ဖော်ပြနေတဲ့ သတင်းစာတစ်စောင် ဖြစ်ပါတယ်။