မေ ၁၇ ။ ။ ခေတ်ပေါ် ဒီဇိုင်းများနှင့် ကျော်ကြားသော ပရောဂျက်များကြောင့် ၂၀ ရာစု၏ လူသိအများဆုံးနှင့် အထင်ပေါ်ဆုံး ဗိသုကာပညာရှင်များအနက် တစ်ဦးအဖြစ် သတ်မှတ်ခံထားရသော ဗိသုကာ ပညာရှင် IM Pei ဟာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ၎င်းသည် ကွယ်လွန်ချိန်တွင် အသက် ၁၀၂ နှစ်ရှိပြီဖြစ်သည်။
ပါရီမြို့ရှိ Louvre လုဗ် ပြတိုက် ပြင်ဆင်တိုးချဲ့မှုအတွက် ပိရမစ်ပုံ မှန်သားအေဆောက်အအုံတစ်ခုကို ဒီဇိုင်းဖန်တီးခဲ့ခြင်း၊ Clevarand ရှိ Rock and Roll Hall of Fame ပြတိုက်ကို ဖန်တီးခြင်း အစရှိသည့် နာမည်ကျော်လက်ရာများကို ဖန်တီးနိုင်ခဲ့သော Pei မှာ ညတွင်းချင်း ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း သားဖြစ်သူ Chien Chung Pei က ပြောသည်။
ထင်ရှားသော ဘဏ်လုပ်ငန်းရှင်တစ်ဦး၏ သားဖြစ်ပြီး တရုတ်မှာ မွေးဖွားခဲ့သည့် Pei သည် ၁၉၃၅ ခုနှစ်တွင် ၎င်း၏ မွေးရပ်မြေမှ ထွက်ခွာလာခဲ့ကာ အမေရိကန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။
မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်နှင့် ဟားဗက်တက္ကသိုလ်တို့တွင် ဗိသုကာပညာရပ်ကို သင်ကြားခဲ့သည်။
ယင်းနောက် အမေရိကန် အစိုးစရအတွက် စာသင်ကြားပေး၊ အလုပ်လုပ်ကိုင်ပေးပြီးနောက် ၁၉၄၈ တွင် နယူးယော့ခ်တွင် developer တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး ၁၉၅၅ တွင် ၎င်း၏ ကိုယ်ပိုင် လုပ်ငန်းကုမ္ပဏီကို တည်ထောင်ခဲ့သည်။
ကမ္ဘာ တစ်ဝှမ်း Pei တည်ဆောက်ဖန်တီးခဲ့သည့် ပြတိုက်များ၊ မြူနီစီပယ် အဆောက်အအုံများ၊ ဟိုတယ်များ၊ ကျောင်းများနှင့် အခြား အဆောက်အအုံများမှာ ထူးခြားသည့် အနုစိတ်လက်ရာနှင့် ဒီဇိုင်းအရည်အသွေးတို့ကို ဖော်ညွန်းပြသနေလျက် ရှိသည်။