ဟယ်လ်ဆင်ကီ၊ ဧပြီ ၁၅ ။ ။ ဖင်လန်နိုင်ငံမှာ တနင်္ဂနွေက ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲ မဲ ၁၀၀ ရာခိုင်နှုန်း ရေတွက်ပြီးချိန်မှာတော့ လက်ယာဝါဒီ ဆိုရှယ်ဒီမိုကရက်တစ်ပါတီဟာ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်တွေကို ဆန့်ကျင်လို့ လူကြိုက်များလာတဲ့ လက်ဝဲဝါဒီ ဖင်းစ်ပါတီကို နှာတစ်ဖျားအသာ မဲအသာနဲ့ အနိုင်ရပါတယ်။
အသက် ၅၆ နှစ်ရှိတဲ့ ကုန်သွယ်ရေးသမဂ္ဂအကြီးအကဲဟောင်း အန့်တီရင်နီ ဦးဆောင်တဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီဟာ ပါလီမန်မှာ အမတ်နေရာ ၂၀ အထိ ရရှိခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဂျူဟာဆီပီလာရဲ့ ဗဟိုလက်ဝဲအစိုးရ ကျင့်သုံးတဲ့ ချွေတာခြိုးခြံရေးပေါ်လစီကို မဲဆွယ်ပွဲမှာ ပြင်းပြင်းထန်ထန် ဆန့်ကျင်ရင်း ဆိုရှယ်ဒီမိုကရက်တစ်ပါတီဟာ အနိုင်မဲ ရရှိခဲ့တာပါ။
အမတ်နေရာ ၃၉ နေရာ ရရှိတဲ့ ဖင်းစ်ပါတီကတော့ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်တွေကို ဆန့်ကျင်ပြောဆိုမှုမှာ အဓိကထားပြီး မဲဆွယ် စည်းရုံးခဲ့တာ ဖြစ်ပါတယ်။ ဖင်းစ်ပါတီကို အခြားပါတီတွေအတွက် စိတ်ခြောက်ခြားစရာဖြစ်စေသူလို့ ရည်ညွန်းဖွဲ့ဆိုတဲ့ ဂျက်စ်စီဟောလာက ဦးဆောင်တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ မဲအများဆုံးရတဲ့ ဒီ ပါတီနှစ်ရပ်ဟာ မဲရမှတ် ၀ ဒသမ ၂ ရာခိုင်နှုန်းလောက်သာ မဲကွာတာလည်း ဖြစ်ပါတယ်။
မဲပေးသူ ၇၂ ရာခိုင်နှုန်း ရှိခဲ့တဲ့ အခု ရွေးကောက်ပွဲမှာ မဲကွဲသွားတာကြောင့် ဘယ်ပါတီမှာ ရှင်းရှင်းလင်းလင်း အသာရတာ မရှိတာကြောင့် ထိပ်ဆုံးက တစ်ပြေးအနိုင်ရတဲ့ ပါတီအနေနဲ့ ညွန့်ပေါင်းဖွဲ့နိုင်ဖို့ ကြိုးစားရဦးဖွယ် ရှိပါတယ်။
မဲရလဒ်ရဲ့ ၁၇ ဒသမ ၅ ရာခိုင်နှုန်း ရပြီး အနိုင်ရရှိတဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် အန့်တီရင်နီကတော့ “၁၉၉၉ နောက်ပိုင်းမှာ ပထမဆုံးအဖြစ် ကျွန်တော်တို့ဟာ ဖင်လန်နိုင်ငံမှာ အကြီးဆုံးပါတီ ဖြစ်လာခဲ့တာပါပဲ။”လို့ ပြောခဲ့ပါတယ်။