မတ် ၁၀ ။ ။ အေးမြတဲ့ ဆောင်းတွင်း ရာသီဥတု ကျရောက်နေစဉ်အတွင်း အီဂျစ်နိုင်ငံမြို့တော် ကိုင်ရိုက တိရစ္ဆာန်ရုံတစ်ခုမှာတော့ တိရစ္ဆာန်တွေကို အအေးဒဏ်ကနေ ခံနိုင်ရည်ရှိစေဖို့ တာဝန်ရှိသူတွေက ကူညီပေးနေလျက် ရှိပါတယ်။
ကိုင်ရိုမြို့ရှိ ဂီဇာ တိရစ္ဆာန်ရုံမှာတော့ တာဝန်ရှိသူတွေဟာ တိရစ္ဆာန်တွေကို နို့၊ လက်ဘက်ရည် (အပူ) နဲ့ အခြား ခပ်ပူပူ သောက်သုံးစရာ တို့ကို တိုက်ကျွေးပေးလျက် ရှိပါတယ်။
“ ခုလက်ရှိမှာ ကျွန်တော်တို့ ဒီတိရစ္ဆာန်လေးတွေကို ပူတဲ့ သောက်သုံးစရာတွေ တိုက်ပါတယ်၊ ဒါတွေက သူတို့ကို အားဖြစ်စေပါတယ်၊ သူတို့ကို နွေးစေပါတယ်၊ ချင်ပန်ဇီတွေဆိုရင် လက်ဘက်ရည် သိပ်ကြိုက်ပါတယ်၊ သူတို့လည်း လူတွေလိုပါပဲ၊ ဒါကြောင့် ကျွန်တော်တို့ သူတို့ကို နို့၊ လက်ဘက်ရည်တွေ တိုက်ကျွေးပေးပါတယ်” တိရစ္ဆာန်ရုံ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ အီဘရာဟင် က ပြောပါတယ်။
“ ခုလို ရာသီဥတု အေးနေချိန်မှာ တိရစ္ဆာန်တွေလည်း အအေးမိသွားနိုင်ပါတယ်၊ တုပ်ကွေးဖြစ်နိုင်ပါတယ်၊ ဖျားနိုင်ပါတယ်၊ ဒါကြောင့် သူတို့အတွက် ခုလို လုပ်ပေးနေပါတယ်၊ နောက်ပြီး သူတို့ လှောင်အိမ်တွေကို သန့်ရှင်းအောင်လည်း လုပ်ရပါတယ်” လို့ ဝက်ဝံ ထိန်းသိမ်သူတစ်ဦးဖြစ်တဲ့ မိုဟာမက် ရစ်ခ်က ပြောသွားပါတယ်။