ဂျပန် သင်္ဘောတစ်စင်း ဝေလငါးနဲ့ တိုက်မိ၍ လူ ၁၀၀ နီးပါး ဒဏ်ရာရသွား

ဂျပန် သင်္ဘောတစ်စင်း ဝေလငါးနဲ့ တိုက်မိ၍ လူ ၁၀၀ နီးပါး ဒဏ်ရာရသွား

မတ် ၁၀ ။         ။ ဂျပန်မှာ အမြန်ရေယာဉ်သင်္ဘောတစ်စင်း မတ်လ ၉ ရက်က ပင်လယ်ထဲခုတ်မောင်းသွားရင်း ရေနေသတ္တဝါကြီးတစ်ကောင်နဲ့ တိုက်မိလို့ ခရီးသည် ၈၇ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ သတင်းမီဒီယာတွေက ထုတ်ပြန်ဖော်ပြပါတယ်။

ယင်းဖြစ်စဉ်မှာ လူငါးဦးကတော့ ဒဏ်ရာအပြင်းအထန် ရသွားတယ်လို့ ဆိုပါတယ်။ အဆိုပါ သင်္ဘောဟာ ဆာဒိုကျွန်းဆီ ခရီးတို ထွက်ခွာခုတ်မောင်းသွားစဉ် ယခုဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

သင်္ဘောက ဝေလငါးတစ်ကောင်နဲ့ တိုက်မိပုံ ရပါတယ်၊ ဒီပင်လယ်ထဲမှာ ဝေလငါးတွေကို မကြာခဏ တွေ့ရတတ်ပါတယ် လို့ ပင်လယ်ရေကြောင်း ရေနေသတ္တဝါ ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးကို ကိုးကားပြီး NHK သတင်းဌာနက ဖော်ပြပါတယ်။

“ ခု တိုက်မိမှုကြောင့် ထိခိုက်မှု ကြီးခဲ့ပါတယ်၊ ခရီးသည်တစ်ယောက်ဆို သွေးတွေ တအားထွက်နေခဲ့ပါတယ်” လို့ ခရီးသည်တစ်ဦးက ပြောပါတယ်။

ယင်း တိုက်မိမှုကြောင့် ရေယာဉ်သင်္ဘော နောက်ဘက်ခြမ်းမှာလည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း၊ သို့ပေမယ့် ခရီးသည် ၁၂၁ ဦးနဲ့ သင်္ဘောအမှုထမ်း လေးဦးတို့ လိုက်ပါလာတဲ့ ယင်းသင်္ဘောဟာ လိုရာခရီးကို ဆက်လက်ခုတ်မောင်း ရောက်ရှိသွားခဲ့ကြောင်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly