ဆွစ်ဇာလန်နိုင်ငံ၊ နီယွန်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် မဲခွဲမှုတွေကို သောကြာနေ့က ပြီးခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းမှာ ယူကရိန်းကလပ် ဒိုင်နမိုကိဗ်နှင့် ထိပ်တိုက်တွေ့ဆုံနေပြီး အာဆင်နယ်အသင်းမှာ ပြင်သစ်ကလပ် ရန်းနက်စ်အသင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။
အာဆင်နယ်နဲ့ ချယ်လ်ဆီး နှစ်သင်းလုံးဟာ ပထမအကျော့ကို မတ်လ ၇ ရက်နေ့မှာ အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။
ယူရိုပါလိဂ်ဖလားကို ၃ ကြိမ်တိုင် ရယူထားနိုင်တဲ့ စပိန်ကလပ် ဆီဗီလာအသင်းကတော့ ချက်ကလပ် ဆလားဗီးယားပရပ်၊ အီတလီကလပ် နာပိုလီက သြစတြီးယားကလပ် ရက်ဘူးလ်ဆဲလ်ဘတ်အသင်းနဲ့ တွေ့ဆုံနေပါတယ်။
ဒါ့အပြင် အင်တာမီလန်အသင်းက ဂျာမနီကလပ် ဖရန့်ဘတ်၊ ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်က ပေါ်တူဂီကလပ် ဘင်ဖီကာ၊ စပိန်ကလပ် ဗလင်စီယာက ရုရှားကလပ် ခရက်စ်နိုဒါ၊ ရုရှားကလပ် ဇင်းနစ်က စပိန်ကလပ် ဗီလာရီးယဲလ်အသင်းနဲ့ အသီးသီး ထိပ်တိုက် တွေ့ဆုံနေပါတယ်။
ယူရိုပါလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ပထမအကျော့ကို မတ်လ ၇ ရက်၊ ဒုတိယအကျော့ကို မတ်လ ၁၄ ရက်တို့မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။
ယူရိုပါလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် မဲခွဲမှု
ချယ်လ်ဆီး vs ဒိုင်နမိုကိဗ်
ဖရန့်ဘတ် vs အင်တာမီလန်
ဒိုင်နမိုဇာဂရက် vs ဘင်ဖီကာ
နပိုလီ vs ရက်ဘူးလ်ဆဲလ်ဘတ်
ဗလင်စီယာ vs ခရက်စ်နိုဒါ
ဆီဗီလာ vs ဆလားဗီးယားပရပ်
အာဆင်နယ် vs ရန်းနက်စ်
ဇင်းနစ် vs ဗီလာရီးယဲလ်