ကိုယ်ခံပညာရပ်ကို လေ့လာလိုက်စားလာကြသည့် ယူကရိန်းအမျိုးသမီးများ

ကိုယ်ခံပညာရပ်ကို လေ့လာလိုက်စားလာကြသည့် ယူကရိန်းအမျိုးသမီးများ

ဖေဖော်ဝါရီ ၁၄ ။           ။ ယူကရိန်းနိုင်ငံအရှေ့တောင်ပိုင်းက မာရီယူပေါလ်မြို့မှာ နေထိုင်တဲ့ အမျိုးသမီးတွေဟာ ကိုယ်ခံပညာရပ်ကို လေ့လာလိုက်စားလျက်ရှိတယ်လို့ သိရပါတယ်။

မာရီယူပေါလ်မြို့က အားကစားခန်းမမှာ ယူကရိန်းအမျိုးသမီး ၂၀ ခန့်ဟာ ကိုယ်ခံပညာရပ်ကို လေ့ကျင့်သင်ယူနေကြတာဖြစ်ပါတယ်။

အဆိုပါအမျိုးသမီးတွေကို အသက် ၂၈ နှစ်ရှိ ယူကရိန်းအမျိုးသား၊ နည်းပြဆရာ ကာဇန်က အခမဲ့ လေ့ကျင့်သင်ကြားပေးနေတာဖြစ်ပါတယ်။

“ကျွန်တော်တို့နိုင်ငံမှာ အချိန်မရွေးစစ်ထပ်ဖြစ်လာနိုင်တယ်။ ဒီတော့ ယူကရိန်းနိုင်ငံသားတိုင်းက တိုက်ခိုက်တတ်ဖို့လိုတယ်။”လို့ နည်းပြဆရာ ကာဇန်က ပြောပါတယ်။

လွန်ခဲ့တဲ့ ဒီဇင်ဘာလက စတင်ဖွင့်လှစ်ခဲ့တဲ့ ကာဇန်ရဲ့ ကိုယ်ခံပညာသင်တန်းမှာ လာရောက်လေ့လာသင်ယူတဲ့ အမျိုးသမီး အယောက် ၅၀ နီးပါးရှိခဲ့ပြီဖြစ်ပြီး ၎င်းတို့ဟာ အသက် ၁၈ နှစ်ကနေ ၄၀ နှစ်အရွယ် အမျိုးသမီးတွေဖြစ်ကြောင်း သိရှိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly