မြန်မာနိုင်ငံက ခရစ်ယာန်သင်းအုပ်ဆရာ ထွန်းနုအသတ်ခံရလို့ သေဆုံးကြောင်းကို အိန္ဒိယအခြေစိုက် Gospel for Asia အသင်းတော်က ထုတ်ပြန်ပါတယ်။
သင်းအုပ်ဆရာ ထွန်းနုဟာ ဇန်နဝါရီ ၁၉ ရက်က လက်နက်နဲ့ ခြိမ်းခြောက်ခံရပြီး ပြန်ပေးဆွဲခံရတာဖြစ်ပြီး သူသေဆုံးကြောင်းကို ဖေဖော်ဝါရီ ၁ ရက်မှာ သိရကြောင်း ယင်းအသင်းတော်က ဖေဖေါ်ဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်တာပါ။
ဘင်္ဂါလီအရေးအခင်းဖြစ်ပွားရာ ရခိုင်ပြည်နယ်က သူပုန်အုပ်စုတစ််ရပ်က သင်းအုပ်ဆရာ ထွန်းနုနဲ့အတူ အခြား သူများကိုပါ ပြန်ပေးဆွဲပြီး သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ သင်းအုပ်ဆရာ ထွန်းနုအနေနဲ့ ပျောက်ဆုံးနေခဲ့တာ သီတင်းနှစ်ပတ် နီးပါးကြာချိန်အထိ ဌာနေရဲတပ်ဖွဲ့နဲ့ အစိုးရစစ်တပ်တွေဟာ ခြေရာခံ ရှှာဖွေနိုင်ခြင်း မရှိခဲ့ပါဘူး။
သင်းအုပ် ဘုန်းတော်ကြီးတစ်ပါးအဖြစ်နဲ့ ဆယ်စုနှစ် နှစ်ခုစာ တာဝန်ကျေခဲ့တဲ့ သင်းအုပ်ဆရာ ထွန်းနုဟာ ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာကို ဝေမျှနိုင်ခဲ့သူဖြစ်တယ်လို့ အသင်းတော်က ထုတ်ပြန်ပါတယ်။
သူသေဆုံးတာနဲ့အတူ အဖိုးတန်ချစ်ဇနီးရယ်၊ သားသမီးသုံးဦးရယ်အပြင် ယုံကြည်သက်ဝင်သူပေါင်း ၅၀ ကျော် ထက်မနည်းကို စွန့်လွှတ်ထွက်ခွာသွားခဲ့ပြီဖြစ်တယ်လို့လည်း အသင်းတော်က ထုတ်ပြန်ထားပါတယ်။
သင်းအုပ်ဆရာ ထွန်းနု သေဆုံးတဲ့ သတင်းကြားသိချိန််ကစလို့ GFA အသင်းတော်ဟာ ဝမ်းနည်းကျန်ရစ်တဲ့ မိသားစုကို ကူညီမှုပေးနေတဲ့ မြန်မာနိုင်ငံတစ်ဝှမ်းက ခရစ်ယာန်ဘုရားကျောင်းတွေကို ထောက်ပံ့မှု ပေးခဲ့ပါတယ်။
ဘုရားရှိခိုးကျောင်းတွေက ဌာနေအကြီးအကဲတွေဟာလည်း ခက်ခဲတဲ့ အချိန်ကို ဖြတ်သန်းနေရတဲ့ ကျန််ရစ်သူ မိသားစုထံ လာရောက်ပြီး နှစ်သိမ့်မှု ပေးခဲ့ပါတယ်။
“သင်းအုပ်ဆရာ ထွန်းနု သေဆုံးတဲ့ သတင်းကြားရတဲ့အတွက် ကျွန်တော်တို့ နှလုံးကြေကွဲရတယ်။ ခုချိန်မှာ သူ့ဇနီးရယ်၊ ကလေးတွေရယ်နဲ့ သူ့ရဲ့ ဘုရားကျောင်းအတွက် ကျွန်တော်တို့တွေ ဆုတောင်းမှုတွေ ပြုလုပ်ပေးကြဖို့ တိုက်တွန်းပါတယ်။”လို့ ဒေါက်တာ ကေပီယိုဟန်နန်က ပြောပါတယ်။
သင်းအုပ်ဆရာ ထွန်းနု အသတ်ခံရတာဟာ မြန်မာနိုင်ငံက ဝတ်ပြုဆုတောင်းသူပေါင်း ၅၀၀ ကျော်ထက် မနည်းရှိရာ GFA ထောက်ပံ့မှုပေးနေတဲ့ ဘုရာရှိခိုးကျောင်းတွေအတွက် ပထမဆုံး ပြန်ပေးဆွဲခံရမှုနဲ့ အသတ်ခံသေဆုံးမှု ဖြစ်ရပ်လည်းပဲ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ သာသနာပြုနေတဲ့ သင်းအုပ်ဆရာ ထွန်းနုကို လူငါးဦးက နေအိမ်ကနေ သေနတ်ပြပြီး ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
မြေအောက် စစ်လက်နက်အဖွဲ့တစ်ရပ်က ဒီလူတွေဟာ သူတို့ရဲ့ ခေါင်းဆောင်က မေးစရာရှိတယ်ဆိုပြီး သင်းအုပ်ဆရာ ထွန်းနုကို ပြန်ပေးဆွဲသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။