ဆီးနှင်းတွေကို ငြင်းပယ်ပြီး ရေထဲမှာ ပျော်တဲ့ ခရစ္စမတ်ဘိုးဘိုးကြီး ဆန်တာကလော့စ်တွေကို သင်တို့ မြင်တွေ့့ဖူးကြမလား။
ဂျပန်နဲ့ ဖိလစ်ပိုင်က အဏ္ဏဝါပြတိုက်တွေမှာတော့ ရေမှာပျော်တဲ့ ဆန်တာကလော့စ်တွေကို မြင်တွေ့နိုင်ကြမှာ ဖြစ်ပါတယ်။
တိုကျိုမှာရှိတဲ့ နေရောင်ခြည် အဏ္ဏဝါပြတိုက်မှာဆိုရင် ခရစ္စမတ်ဘိုးဘိုးကြီး ဆန််တာကလော့စ်ဟာ ရေထဲမှာ ကျားငါးမန်းတစ်ကောင်ကို ပွေ့ဖက်ရင်း ငါးလိပ်ကျောက်တွေကြား ကူးခပ်ပျော်မြူးနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒီလို ကူးခပ်တာကို ခရစ္စမတ်နေ့အထိ တစ်နေ့ကို နှစ်ကြိမ်ပြုလုပ်ဖို့ ပြတိုက်က စီစဉ်ထားတာပါ။ ပြတိုက်ဆီ လာရောက်လည်ပတ်သူတွေကို အမြင်ဆန်းအောင်နဲ့ ဓာတ်ပုံတွေ ရိုက်ချင်စရာ ကောင်းအောင် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်က အခြားသော ဆန်တာကလော့စ်ကတော့ မနီလာ သမုဒ္ဒရာဥယျာဉ်မှာ ရှိနေပါတယ်။ ငါးတွေရဲ့ ကြားမှာ ရေကူးခပ်နေတဲ့ မနီလာ ဆန်တာကလော့စ်ကို ကလေးတွေ၊ မိသားစုတွေ ဓာတ်ပုံတွေ ရိုက်ကြရင်း ပျော်ရွင်နေကြတာကို မြင်တွေ့ရပါတယ်။
ဒီလို မြင်ကွင်းတွေကတော့ ဒီဇင်ဘာရောက်တိုင်း ဒေသတွင်းက အဏ္ဏဝါပြတိုက်တွေဟာ ခရစ္စမတ်အထိမ်းအမှတ်အဖြစ် ပွဲပျော်ရွင်ပွဲတွေ ဖန်တီးပြီး လာရောက်လည်ပတ်သူတွေကို ဖျော်ဖြေပေးနေတဲ့ မြင်ကွင်းတွေပဲ ဖြစ်ပါတော့တယ်။