အောက်တိုဘာ ၂၇ ရက်၊ စနေနေ့ညက ကင်းပါဝါကွင်းပြင်ပအနီး ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ရာမှာ လက်စတာစီးတီးအသင်းပိုင်ရှင် သေဆုံးခဲ့တယ်လို့ ကလပ်အသင်းက အတည်ပြုလိုက်ပါတယ်။
ဗြိတိန်ဒေသစံတော်ချိန် စနေနေ့၊ ၂ဝး၃၀ နာရီမှာ ရဟတ်ယာဉ် ပျက်ကျခဲ့ချိန်မှာ ဗီချိုင်းဆီရိဗတ်ဒန္နာပရာဘာ၊ ၎င်းရဲ့ ဝန်းထမ်း ၂ ဦး၊ ရဟတ်ယာဉ်မောင်းနဲ့ ခရီးသည်တစ်ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်ရပ်ကို မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ ရဟတ်ယာဉ်မှာ အင်ဂျင်ချွတ်ယွင်းခဲ့ပုံပေါ်ပြီး ထိန်းမရဘဲ မီးလောင်ကာ ပျက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ကင်းပါဝါကွင်းပြင်ပမှာတော့ ထောင်ပေါင်းများစွာတဲ့ ပန်းစည်တွေနဲ့ လည်စီးပဝါတွေ ချထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
လက်စတာရဲတပ်ဖွဲ့က သေဆုံးသွားတယ်လို့ ယုံကြည်ရသူတွေကတော့
လက်စတာအသင်းပိုင်ရှင် ဗီချိုင်းဆီရိဗတ်ဒန္နာပရာဘာ
ဝန်ထမ်းနှစ်ဦးဖြစ်တဲ့ နုဆာရာဆပ်နာမိုင်နဲ့ ခပ်ပွန် ဖွန်ဖယ်
ရဟတ်ယာဉ်မောင်း အဲရစ် ဆွာရာဖယ်
ခရီးသည် အီဇယ်ဘယ်လာ ရိုဇာ လာခိုဗက်ဇ်တို့ဖြစ်တယ်လို့ ပြောပါတယ်။
အီဇယ်ဘယ်လာ ရိုဇာ လာခိုဗက်ဇ်၊ အဲရစ် ဆွာရာဖယ်နှင့် ခပ်ပွန် ဖွန်ဖယ်
အသက် ၆၀ အရွယ်ရှိ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ဘီလျံနာ ဗီချိုင်းဟာ သားသမီး ၄ ဦးရှိပြီး လက်စတာအသင်းကို ၂၀၁၀ ခုနှစ်က ပေါင် ၃၉ သန်းနဲ့ ဝယ်ယူခဲ့သူဖြစ်ပါတယ်။ သူဟာ အသင်းရဲ့ ပွဲစဉ်တွေကို ရဟတ်ယာဉ်စီးနင်းကာ လာရောက်ကြည့်ရှုလေ့ရှိတယ်လို့ သိရပါတယ်။
ဗီချိုင်းရဲ့ ပိုင်ဆိုင်မှုအောက်မှာ သူ့ရဲ့ကလပ်အသင်းဟာ ၂၀၁၆ ခုနှစ်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဖလား ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပါတယ်။
Ref; BBC
ဆက်စပ်သတင်း - လက်စတာအသင်းပိုင်ရှင် ဗီချိုင်းပိုင် ရဟတ်ယာဉ် ကင်းပါဝါကွင်းအနီး ပျက်ကျ