မန္တလေး ဧပြီ ၁၆။ ။ မန္တလေးတိုင်းဒေသကြီး တော်လှကျေးရွာ ပြင်ဦးလွင်လမ်းမကြီးပေါ်၌ သင်္ကြန်အတက်နေ့ ဧပြီ ၁၆ရက် နံနက် ၈း၁၅ နာရီအချိန်က ကြက်ဥတင်လာသော ကားတစ်စီး တိမ်းမှောက်ခဲ့သည်။
မန္တလေးဘက်မှ မောင်းနှင်လာသော ၎င်းယာဉ်သည် တော်လှကျေးရွာဆိုင်းဘုတ်အနီး၌ သင်္ကြန်ကားတစ်စီးအား ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေကျေမှု မရှိခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်း၊ ဓာတ်ပုံ- မျိုးချစ်သွေး မြေလတ် -CJ)