ကုန်ကားသမားများ၏ လမ်းများပေါ် သပိတ်မှောက် ပိတ်ဆို့ထားမှု ဖယ်ရှားရှင်းလင်းရန် ဘရာဇီးအစိုးရက စစ်တပ်ကို အမိန့်ပေး

ကုန်ကားသမားများ၏ လမ်းများပေါ် သပိတ်မှောက် ပိတ်ဆို့ထားမှု ဖယ်ရှားရှင်းလင်းရန် ဘရာဇီးအစိုးရက စစ်တပ်ကို အမိန့်ပေး

 

မေ ၂၆ ။           ။ စက်သုံးဆီစျေး မြင့်တက်မှုကို ဆန္ဒပြသည့်အနေဖြင့် ထရပ်ကားသမားများက လမ်းများပေါ် ကားများတန်းစီပိတ်ဆို့ရပ်တန့်ပြီး ငါးရက်ကြာ သပိတ်မှောက်နေလျက်ရှိရာ ယခုအခါ အခြေအနေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းရန် ယခုအခါ ဘရာဇီးအစိုးရက ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

ယမန်နေ့က ယင်း သပိတ်မှောက် ကုန်ကားသမားများနှင့်  အစိုးရအကြား ညှိနှိုင်းရင်း ပြေလည်မှုရခဲ့ပြီ ဖြစ်ကြောင်း ကြေညာချက် ထွက်ပေါ်ထားခဲ့သော်လည်း ယခုအခါ အခြေအနေမှာ ပြန်ဆိုးလာနေခဲ့ပြီ ဖြစ်သည်။

အဆိုပါ သပိတ်မှောက်သူများနှင့်အကြား လိပ်ခဲတည်းလဲ အခြေအနေကို တင်းကျပ်စွာ ကိုင်တွယ်ရန် အစိုးရဘက်က ဆုံးဖြတ်လိုက်ပြီ ဖြစ်ကာ လမ်းများကို ကြီးကြီးမားမား ပိတ်ဆို့စေလျက်ရှိသည့် ကားများကို ရှင်းလင်းဖယ်ရှားရန် စစ်တပ်ကို အမိန့်ပေးထားလိုက်ပြီဖြစ်ကြောင်း သမ္မတ မိုက်ကယ် တီမာက ပြောသည်။

လက်ရှိအခြေအနေအရ ကုန်ကားသမားများ၏ လမ်းပိတ်ဆို့ထားမှုများကြောင့် နိုင်ငံတွင် စက်သုံးဆီ ပြတ်တောက်လာခြင်း၊ စားသောက်ကုန် သယ်ပို့ဖြန့်ဖြူးရေးနှင့် ပြည်ပပို့ကုန်ပိုင်း နှောင့်နှေး ကြန့်ကြာခြင်းနှင့် လေကြောင်းခရီးစဉ်များ ခြိမ်းခြောက်ခံရခြင်းတို့ ဖြစ်ပေါ်လာခဲ့ပြီး အခြေအနေ ဆိုးရွားနေခဲ့သည်။

စီးပွားရေးမြို့တော် ဆောပေါ်လိုတွင်လည်း အရေးပေါ် အခြေအနေ ကြေညာထားခဲ့ရသည်အထိ ဆိုးရွားနေခဲ့သည်။

ကုန်ကားသမားများဘက်ကမူ စက်သုံးဆီ မြင့်တက်နေမှုအပေါ် ဆန္ဒပြရန်အတွက် နိုင်ငံတွင် ကုန်စည် စီးဆင်းမှုများ ကမောက်ကမ ဖြစ်စေရန် ကြိုးပမ်းလာနေခဲ့ကြခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly