ရှမ်းပြည်နယ်၊ လဲချားမြို့နယ်တွင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆာလဖျူရစ်အက်ဆစ် ၁၀,၄၀၀ လီတာနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ဧပြီလ ၁၃ ရက််၊ နေ့လည် ၁၂ နာရီအချိန်ခန့် မူးယစ်တပ်ဖွဲ့စု(၂၇)လွိုင်လင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ချားမြို့နယ်၊ ဝမ်ကန်ကျေးရွာ၊ ဝမ်ကန်တပ်စခန်းအနီးတွင် အောင်ဝင်း(ခ)တုံးလီဟန်ဆိုသူ မောင်းနှင် လာသော ၁၂ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ အဆိုပါ အက်စစ်များကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယင်း ၁၂ ဘီးယာဉ်ပေါ်မှ ဆာလဖျူရစ်အက်ဆစ် ၁၀,၄၀၀ လီတာ၊ ပေါင်အိုးအကြီး ၃ လုံး၊ ပေါင်အိုးအသေး တစ်လုံး၊ ကြွေထည်ကတော့အကြီး ၄ ခု၊ ဓာတ်ခွဲခန်းသုံး ဖန်အိုး ရ လုံး၊ဆေးရည်(အက်ဆစ်)စုပ်ပိုက်ချောင်းတို ရ၄ ချောင်း၊ ဆေးရည် (အက်ဆစ်)စုပ် ဖန်ဆေးထိုးပြွန် ၃၂ ချောင်း၊ ဆေးရည်(အက်ဆစ်) ဒီဂရီ တိုင်းပြွန် ၃ ချောင်း၊ ဂက်စ် ပိုက်အဆက် ၁၂၀ ခု၊ ဓာတ်ခွဲခန်းသုံး ဖန်အိုးရာဘာအဆို့ ၃၀ ခု တို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
ထိုသို့ သိမ်းဆည်းရမိခဲ့သဖြင့် အသက် ၂၆ နှစ်အရွယ် အောင်ဝင်း(ခ)တုံးလီဟန်အား လက်ရှိတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ သက်ဆိုင်ရာရဲစခန်းတွင် အရေးယူထားကြောင်းသိရသည်။