ထိုင်းနိုင်ငံ ဝီချစ်အရပ်တွင် နေအိမ်များအတွင်း ဖောက်ထွင်းခိုးယူမှု ကျုးလွန်သည့် မြန်မာနိုင်ငံမှ Ko Htwe Ovoen ဆိုသူကို ရဲက ဖမ်းမိသည်။
ထိုသို့ ဖမ်းဆီးရမိသည်မှာ ၎င်း၏ လည်တိုင်တွင် ထိုးထားသော ထူးခြားကွဲပြားသည့် တက်တူးကို ခြေရာခံကာ ဖမ်းဆီးလိုက်နိုင်ခြင်း ဖြစ်သည်။
မတ် ၂၅ ရက်တွင် ဗီလာဒေါရန်းကျေးရွာနှင့် မတ် ၃၁ ရက်တွင် ဖူးခက်ဗီလာကယ်လီဖိုးနီးယားကျေးရွာတို့တွင် နေအိမ်ဖောက်ထွင်းဓားပြတိုက်မှု တိုင်ကြားချက်များ ရပြီးနောက် ဝီချစ်ရဲဌာနက ယင်းအရပ်ဒေသများရှိ စီစီတီဗီကင်မရာများကို စစ်ဆေးခဲ့ရာတွင် အိမ်နှစ်လုံးအား ဖောက်ထွင်းသည်မှာ တစ်ဦးတည်းသော အမျိုးသားကို တွေ့ရှိခြင်း ဖြစ်သည်။
၎င်းသည် ပထမအိမ်မှ တန်ဖိုးအားဖြင့် ဘတ်ငွေ ၁၅၀၀၀ ရှိသည့် ကော်ဖီဖျော်စက်ကို ခိုးယူကာ ဒုတိယအိမ်မှ puma အိတ်တစ်လုံးကို ခိုးယူခဲ့ခြင်းဖြစ်သည်။
အိမ်နှစ်လုံးစလုံး ဖောက်ထွင်းခိုးယူမှုတွင် ၎င်းသည် တစ်ပုံစံတည်း ဝတ်စားထားခြင်း ဖြစ်သည်။ ကာတွန်းပုံပါအညိုရောင်ရှပ်အကျႌနှင့် Get Out စာတန်းပါ မီးခိုးရောင် ဘောင်းဘီတိုကို ဝတ်ဆင်ထားခြင်း ဖြစ်ကာ လည်ပင်းတွင် တက်တူးထိုးထားသည်ကို ရဲက တွေ့ရှိသည်။
ဆူရတ်ကုအားကစားကွင်းအနီး နေထိုင်သော အဆိုပါမြန်မာနိုင်ငံသားကို ရဲက ရှာဖွေနိုင်ခဲ့ပြီး ရဲက စီစီတီဗီမှတ်တမ်းများ ပြရာ ၎င်းက ဝန်ခံချက်ပေးပြီး ကေယ်ဖီဖျော်စက်ကို ကတ်သုရှိ သူငယ်ချင်းတစ်ဦးကို ရောင်းခဲ့ကြောင်း ထွက်ဆိုသည်။
စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ဆဲဖြစ်ကာ ခိုးခံရသည့် ပစ္စည်းများ ပိုင်ရှင်မှန်ထံ ပြန်ရောက်ရန် ရဲက မျှော်လင့်ထားသည်။