မတ် ၁၆၊ လန်ဒန်။ ။ ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ်မှထွက်ခဲ့ရပြီးနောက် ဟာဇက်ကိုအသင်းတွင် ဆက်ရှိစေရန်ကြိုးပမ်းရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။
အကယ်၍ လက်ရှိချန်ပီယံချယ်လ်ဆီးအသင်းသာ အဆင့် ၄ အတွင်းမဝင်ဘဲ ချန်ပီယံလိဂ်ပြိုင်ပွဲနှင့်လွဲချော်ခဲ့ပါက ဟာဇက်နှင့် ကော်တွိုက်တို့သည် နည်းပြကွန်တီနောက်လိုက်ပြီး အသင်းပြောင်းသွားကြမည်ကို စိုးရိမ်နေရသည်။
ကွာတားဖိုင်နယ်ရောက်နေပြီး တနင်္ဂနွေတွင် လက်စတာနှင့်ကစားရန်ရှိသည့် အက်ဖ်အေဖလားရခဲ့လျှင်ပင် စိတ်ပျက်စရာ ရာသီတစ်ခုအဖြစ်မှကုစားနိုင်မည်မဟုတ်သောကြောင့် နည်းပြကွန်တီမှာ လာမည့်နွေရာသီတွင် စတမ်းဖို့ဒ်ဘရစ်ချ်မှထွက်ခွာရရန် သေချာသလောက်ရှိနေသည်။
ဘယ်လ်ဂျီယံလက်ရွေးစင်များဖြစ်သည့် ဟာဇက်နှင့် ကော်တွိုက်တို့မှာ နွေရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်း၏ ငွေကြေး အမြောက်အများဖြင့်ခေါ်ယူချင်သည့် ပစ်မှတ်များဖြစ်လာဖွယ်ရှိပြီး ပြင်သစ်ချန်ပီယံပီအက်စ်ဂျီအသင်းကလည်း အခြေအနေကို အနီးကပ်စောင့်ကြည့်နေသည်။
အသင်းတွင်လစာအများဆုံးကစားသမားအဖြစ် တစ်ပတ် ပေါင် ၃ သိန်းတန်စာချုပ်သစ်ဖြင့် ချယ်လ်ဆီးအသင်းက ကမ်းလှမ်း ထားသော်လည်း ဟာဇက်မှာ လက်မှတ်ထိုးခြင်းမရှိသေးပေ။
Ref; Mirror