ရေးသားသူ Dr. Sandar Lin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.
အားကစားလုပ်ခြင်း၊ အစားအသောက်ထိန်းခြင်းဖြင့်အဆီ ကျအောင်ကြိုးစားသော်လည်း အဆီမကျသဖြင့်စိတ်အား လျော့နေပါသလား။ အဆီကျစေသောနည်းလမ်းများကိုရှာ ဖွေနေပါသလား။ သင်မသိသေးသော အဆီချနည်းများရှိပါ တယ်။
သင်အထင်မှားနေသော အဆီချခြင်းအကြောင်း
ဝိတ်ချခြင်းသည်အဆီချခြင်းနှင့် တူသည်ဟု သင်ထင်ပါသ လား။ အမှန်စင်စစ်အဆီချခြင်းသည် ဝိတ်ချခြင်းနှင့်များစွာ ကွဲပြားပါတယ်။ ဝိတ်ချလိုက်ပါက ခန္ဓာကိုယ်ရှိအဆီ၊ အသား၊ အရည်နှင့် ကိုယ်အင်္ဂါများ လျော့နည်းသွားပါတယ်။ ထို့ကြောင့်ဝိတ်ချလိုက်ပါက အဆီအစားတန်ဖိုးရှိသောအ သားဓာတ်များကို လျော့နည်းသွားစေပါတယ်။ ထို့ပြင်အဆီ များကျန်နေသေးသဖြင့် ဝိတ်ပြန်တတ်ရန်လည်း လွယ်ကူပါ တယ်။
အစားအသောက်မှ ရရှိသောကယ်လိုရီများကို အဆီအဖြစ် ခန္ဓာကိုယ်ထဲတွင် သိုလှောင်ထားပါတယ်။ ယေဘူယျအား ဖြင့်အဆီကျခြင်းက ကိုယ်အလေးချိန်ကို လျော့ကျစေနိုင် သော်လည်း တခါတရံတွင်လည်း ဝိတ်တတ်စေနိုင်ပါတယ်။ သို့သော်လည်းအဆီကျပါကကျန်းမာစေနိုင်ပါတယ်။ အ ဘယ်ကြောင့်ဆိုသော် အဆီများပါကနှလုံးရောဂါနှင့် အခြား ရောဂါများကို ဖြစ်ပွားစေနိုင်သောကြောင့် ဖြစ်ပါတယ်။
ကျွနု်ပ်တို့နေ့စဉ်လှုပ်ရှားသွားလာနိုင်ရန်စွမ်းအင်ကို အဆီမှရရှိ သောကြောင့်ခန္ဓာကိုယ်တွင်အဆီအလုံအလောက်ရှိရန်လို အပ်ပါတယ်။ American Council ၏ ပြောကြားချက်အရ အဆီပမာဏသည်
အမျိုးသမီးများတွင် ၁၀-၁၂%၊ အမျိုးသားများတွင်၂-၄% အနည်းဆုံးလိုအပ်ပါတယ်။
အားကစားသမားများတွင် အမျိုးသမီးများသည် ၁၄-၂၀% နှင့် အမျိုးသားများသည် ၆-၁၃%လိုအပ်ပါတယ်။
ကာယလေ့ကျင့်သူများတွင် အမျိုးသမီးများသည် ၂၁-၂၄%၊ အမျိုးသားများသည် ၁၄-၁၇% လိုအပ်ပါတယ်။
ပုံမှန်အဆီပမာဏမှာအမျိုးသမီးများတွင် ၂၅-၃၁%၊ အမျိုး သားများတွင် ၁၈-၂၅% ဖြစ်ပါတယ်။
မခွဲစိတ်ဘဲအဆီချနည်း (Non-surgical fat reduction)
Non-surgical fat reduction သည် မခွဲစိတ်ဘဲ ကိရိယာများ ကို အသုံးပြု၍ အဆီချခြင်းဖြစ်ပါတယ်။ ဝမ်းဗိုက်၊ တင်ပဆုံနှင့် ပေါင်ရှိအဆီပိုများကို ချမည်ဆိုပါက ထိုနည်းသည်အကောင်း ဆုံးဖြစ်ပါတယ်။ ၎င်းနည်းသည် အရေပြားအောက်ရှိအဆီ များကိုလျော့နည်းစေပြီး သင့်ခန္ဓာကိုယ်ကို လှပစေနိုင်ပါတယ်။ သို့သော်လည်း ၎င်းသည် ဝိတ်ကျစေသောနည်း မဟုတ်ပါဘူး။ ကိုယ်အလေးချိန်ကို မပြောင်းလဲစေနိုင်ပါဘူး။
Non-surgical fat reduction နည်းသည်ခွဲကြောင်းမရှိသည့် အတွက်အနားယူရန် အချိန်အများကြီးမလိုပါဘူး။ အချိန်တို အတွင်းမိမိအလုပ်ကိုပြန်ဝင်နိုင်ပါတယ်။ ကုသနေစဉ်တွင် အနည်းငယ်ရောင်နိုင်သော်လည်း အချိန်တိုအတွင်းပျောက် ကင်းနိုင်ပါတယ်။
အဆီချရန်နည်းလမ်းများ
မခွဲစိတ်ဘဲ အဆီချနိုင်သော နည်းလမ်းများစွာရှိပါတယ်။ အရည်အချင်းပြည့်ဝသောဆရာဝန်နှင့်ကုသပါကထိရောက် ကာအန္တရာယ်ကင်းသောနည်းလမ်းများဖြစ်ပါတယ်။
အာထရာဆောင်းကို အသုံးပြု၍ကုသနည်း
အာထရာဆောင်းနှင့် ကိရိယာကိုအသုံးပြုကာအရေပြား အောက်ရှိအဆီများကိုဖယ်ရှားသောနည်းဖြစ်ပါတယ်။ ကုသ ပြီး၂-၄ရက်အကြာတွင်အနာကျက်နိုင်ပါတယ်။ တစ်ကြိမ် ထက်ပို၍ကုသနိုင်ပါတယ်။
Cryolipolysis or fat freezing
ယင်းကုသနည်းသည်အဆီဆဲလ်များကိုအေးခဲစေပြီး၂လ၃လ အတွင်းအဆီဆဲလ်များကိုသေစေပါတယ်။ ဆဲလ်အသေများ ကိုခန္ဓာကိုယ်မှဖယ်ရှားပေးပါလိမ့်မည်။ အစားအသောက်နှင့် အားကစားလုပ်သော်လည်းမကျသောအဆီများအတွက်နည်း လမ်းကောင်းဖြစ်ပါတယ်။
Mesotherapy
ထိုနည်းသည် ဆေးအနည်းငယ်ကို အရေပြားထဲသို့သွင်းပြီး အဆီများကိုပျော်ဝင်စေသောနည်းဖြစ်ပါတယ်။ ဆေးတွင် amino acid၊ သတ္တုဓာတ်နှင့် ဗိုက်တာမင်များပါဝင်ပါတယ်။ သင့်အရေပြားကိုအားအင်ပြည့်ဝစေပြီးနုပျိုစေပါတယ်။
ဆေးသွင်းခြင်း(Drip infusion)
သင့်လိုအပ်ချက်ပေါ်မူတည်၍ဗိုက်တာမင်များကိုအရေပြား အောက်သို့ထိုးသွင်းကာ အဆီချသော နည်းဖြစ်ပါတယ်။ အသုံးပြုသော ဗိုက်တာမင်များမှာ အဆီများကိုလောင်ကျွမ်း စေနိုင်သောဗိုက်တာမင် ဘီ၊ methionine၊ inositol၊ choline၊ carnitine တို့ဖြစ်ပါတယ်။
အထက်ပါနည်းလမ်းများသည် အဆီကျစေနိုင်သော်လည်း အားကစားလုပ်ခြင်းနှင့် အစားအသောက်ထိန်းခြင်းကိုမမေ့ သင့်ပါဘူး။ သို့မှသာကျန်းမာပြီးလှပသောကိုယ်ခန္ဓာကိုပိုင် ဆိုင်နိုင်မှာဖြစ်ပါတယ်။