ဖေဖော်ဝါရီ ၁၉၊ ဘာစီလိုနာ။ ။ ဘာစီလိုနာနည်းပြဟောင်း လူးဝစ်အန်းနရစ်အနေဖြင့် ချယ်လ်ဆီးနည်းပြအဖြစ်နှင့်အောင်မြင်မှုရနိုင်သည်ဟု အင်နီယေစတာက ထောက်ခံလိုက်သည်။
ကွန်တီသည် လက်ရှိတွင်ခက်ခဲ့သည့်ရာသီတစ်ခုကိုဖြတ်သန်းနေရပြီး ဖိအားများနှင့်ရင်ဆိုင်နေရသည်။ အီတလီလူမျိုးနည်းပြ အနေဖြင့် ယမန်နှစ်ကပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့သော်လည်း ယခုနှစ်တွင်မူ အဆင့်လေးအတွင်းဝင်ရန်ရုန်းကန်နေရသည်။
အန်းနရစ်မှာ ရာသီကုန်တွင် ချယ်လ်ဆီးနည်းပြထိုင်ခုံပူအတွက် အသင်းပိုင်ရှင်အေဘရာမိုဗစ်ကရွေးချယ်ထားသူအဖြစ် ယူဆရသည်။
ချန်ပီယံလိဂ်တွင် ချယ်လ်ဆီးအသင်းနှင့်ရင်ဆိုင်ရမည့် ဘာစီလိုနာကွင်းလယ်ကစားသမား အင်နီယေစတာက “အန်းနရစ်က အပြည့်စုံဆုံးနည်းပြတစ်ဦးပါ။ ဘာစီလိုနာနဲ့အတူ မယုံနိုင်လောက်စရာ အဆင့်အတန်းတစ်ခုကို သူပြနိုင်ခဲ့တယ်။
ဘယ်အသင်းနဲ့မဆို သူဖလားတွေရနိုင်ပြီး ချယ်လ်ဆီးလည်းပါပါတယ်။ ချယ်လ်ဆီးက ကမ္ဘာ့ထိပ်သီးအသင်းကြီးတစ်သင်းဖြစ်လို့ လွယ်တော့မလွယ်လောက်ဘူး။ ဒါပေမဲ့ ဘာစီလိုနာမှာ အန်းနရစ် လုပ်ပြခဲ့တာတွေကိုကြည့်ရင် လန်ဒန်မှာလည်းဖြစ်အောင် လုပ်နိုင်မယ်လို့ ထင်ပါတယ်။
ပရီးမီးယားလိဂ်ကခက်ခဲပေမယ့် အန်းနရစ်အနေနဲ့ ဘယ်အင်္ဂလိပ်အသင်းကြီးကိုမဆိုကိုင်တွယ်နိုင်စွမ်းရှိတယ်လို့ ကျွန်တော် ထင်ပါတယ်”ဟု ပြောသည်။
အန်းနရစ်သည် ပြီးခဲ့သည့်ရာသီတွင် ဘာစီလိုနာမှထွက်ခွာခဲ့ပြီးကတည်းက အနားယူနေသည်။
Ref; Daily Mail