မကွေး ၊ ဖေဖော်ဝါရီ ၉ ။ ။ မကွေးတိုင်းအစိုးရမှ တိုင်းရဲတပ်ဖွဲ့သို့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် ဆိုင်ကယ် အစီး ၁၃၂ စီး ယနေ့ ဖေဖော်ဝါ ရီလ ၉ ရက်နေ့က ပေးအပ်ခဲ့သည်။
DAYANG 125 ဆိုင်ကယ် ၁၃၂ စီးနှင့် ဆိုင်ကယ်စီးဦးထုပ် ၁၃၂ လုံးတို့အား မကွေးမြို့၊ ရွာသစ်ပွဲကြိုရပ်ကွက်၊ ရဲအကူတပ်ဖွဲ့ခွဲဝန်း၊ စစ်ရေးပြကွင်းတွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားတွင် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မကွေးတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေးထံ ဆိုင်ကယ် ၁၃၂ စီး၊ လုံ/နယ်ဝန် ကြီး ဗိုလ်မှူးကြီးမင်းဦးက ဒုတိယ တိုင်းရဲမှူးကြီး လှသန်းထံ ဆိုင်ကယ်စီးဦးထုပ် ၁၃၂ လုံးတို့ အား ပေးအပ်ခဲ့သည်။
ယင်းအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေး၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်း၊ ဦးစီးအရာရှိ (ပထမတန်း) ဒုတိယရဲမှူးကြီး တင်မိုး၊ ခရိုင်/ မြို့နယ်ရဲတပ်ဖွဲ့မှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။