ဇန်နဝါရီ ၂၆၊ မန်ချက်စတာ။ ။ မန်ချက်စတာစီးတီးအသင်းသည် ယခုတစ်ပတ်အကုန်တွင် ဘီလ်ဘာအိုနောက်ခံလူ လာပေါ်တီကို ပေါင် ၅၇ သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်ရန် မျှော်လင့်နေသည်။
ဂွာဒီယိုလာ၏မန်စီးတီးအသင်းတွင်ကစားလိုသဖြင့်စပိန်မှထွက်ခွာလိုကြောင်း လာပေါ်တီကပြောပြီးနောက် မန်စီးတီးအသင်းသည် လာပေါ်တီ၏ စာချုပ်ပါပြောင်းရွှေ့ကြေးကိုပေးရန် သဘောတူခဲ့သည်။
အသက် ၂၃ နှစ်ရှိလာပေါ်တီသည် လွန်ခဲ့သည့် ၁၈ လက မန်စီးတီးအသင်းကိုငြင်းပယ်ခဲ့ဖူးသော်လည်း လက်ရှိအချိန်တွင်မူ ပြောင်းရွှေ့သင့်သည့်အချိန်ရောက်ပြီဟု ယူဆနေခြင်းဖြစ်သည်။
မန်စီးတီးအသင်းအနေဖြင့် အသက် ၃၀ ဝန်းကျင်ရှိနေပြီဖြစ်သော ဝက်စ်ဘရွန်းနောက်ခံလူ ပေါင် ၂၅ သန်းတန် အီဗန်အစား လာပေါ်တီကိုခေါ်ယူရန်သာ ပြောင်းလည်းကြိုးစားလာခဲ့ခြင်းဖြစ်သည်။
ကစားသမားနှင့်ပုဂ္ဂိုလ်ရေးသဘောတူထားပြီးဖြစ်သည့် မန်စီးတီးသည် အပြောင်းအရေအရွှေ့ဈေးကွက်ပိတ်မည့် ဗုဒ္ဓဟူးနေ့မတိုင်မီခေါ်ယူနိုင်မည်ဟု ယုံကြည်နေပြီး ယခုတစ်ပတ်ကုန်မှာပင် အပြောင်းအရွှေ့ဖြစ်မြောက်လာဖွယ်ရှိသည်။
မန်စီးတီးအသင်းသည် ၂၀၁၆ က လာပေါ်တီကို ပေါင်သန်း ၄၀ ဖြင့်ခေါ်ယူရန်နီးစပ်ခဲ့ပြီးမှ ကစားသမားဖြစ်သူဘက်မှ နောက်ဆုတ်သွားခဲ့ပြီး ဘီလ်ဘာအိုအသင်းနှင့်သာစာချုပ်သစ်ချုပ်ခဲ့ရာ စာချုပ်ပါပြောင်းရွှေ့ကြေးမှာ ပေါင် ၅၇ သန်းဖြစ်သွားခဲ့သည်။
Ref; Mirror