အချိန်ရာသီတွေ တရွေ့ရွေ့နဲ့ ပြောင်းလဲလာတာနဲ့အမျှ ကျွန်မတို့ ကမ္ဘာကြီးလည်း တဖြည်းဖြည်းနဲ့ ပြောင်းလဲလို့ လာခဲ့ပါပြီ။ ဟော် ဘာတွေများပြောင်းလဲပါသလဲ??
ကျွန်မအမြင်နဲ့ပြောရမယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေးတွေ ပြောင်းလဲလာပြီ။ နည်းပညာတွေ တိုးတက်လာပြီ။ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပိုပြီး များပြားလာတယ်။ အဲ့ဒီထဲမှာမှ ပြောင်းလဲလာတွေကို အမှီလိုက်ချင်တာကတော့ နည်းပညာတွေများစွာထဲက တစ်ခုဖြစ်တဲ့ ဖုန်းတစ်လုံးပေါ့နော်။ ကျွန်မတို့အနေနဲ့ အရင်ခေတ်များကဆိုဖုန်းကိုင်နိုင်ရင် အကောင်ပေါ့နော်။ ဟော် အခုများတော့ လူတိုင်းလူတိုင်းမှာဖုန်းတွေ ကိုင်လာနိုင်ကြပြီလေ။ ဒါတွေဟာ ဘာကြောင့်လဲ။ အချိန်ရာသီတွေ ပြောင်းလဲလာပြီးတော့ နည်းပညာတွေဟာ အရမ်းကို တိုးတက်လာလို့ပေါ့။ ဒီလိုနည်းပညာတွေ တိုးတက်လာဖို့ဆိုတာကလည်း လိုအပ်တဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ဆိုတာလည်း တစ်ဖက်တစ်လမ်းကနေ အထောက်အကူတွေပေးလို့ပေါ့။ ပြီးတော့ အဲ့လိုနည်းပညာများစွာတွေ ပြုလုပ်တဲ့ ကုမ္ပဏီပေါင်းများစွာ ပေါ်ပေါက်လာတော့လည်း ကျွန်မတို့လို လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုမိုများပြားလာတယ်လေ။
အရင်ခေတ်များကတော့ ဖုန်းကိုင်နိုင်ရင်တောင် Keypad ဖုန်းလေးတွေ ကိုင်ရင်တောင် အားကျရတဲ့ ခေတ်ပေါ့နော်။ အို အခုများတော့ keypad ဆိုတာဟာ အနည်းငယ်လေးသာရှိတော့ပြီး Touchscreen ဖုန်းတွေသာ လူတိုင်းကြားထဲမှာ ပေါ်ပေါက်လာခဲ့တာဟာ နည်းပညာထွန်းကားမှု တွေကြောင့်ဖြစ်ပါတယ်။
အဲ့တော့ ဖုန်းဝယ်ဖို့ဆိုရင် လူတိုင်းက Touchscreen ဖုန်းတွေကိုသာ ဝယ်ယူဖို့ ပြင်ဆင်ကြတယ်။ အဲ့ဒီထဲကမှာမှ ကိုယ့်ဘက်ကလည်း တတ်နိုင်တဲ့ ငွေပမာဏနဲ့ ကွာလတီကောင်းမွန်တဲ့ ဖုန်းမျိုးကို ရှာဖွေဝယ်ယူတတ်ကြတာပေါ့။
ကဲအခုတော့ မကြာခင်အတွင်းထွက်ရှိလာတော့မယ် HUAWEI nova 2i ဖုန်းအကြောင်းလေးကို မိတ်ဆက်ပေးချင်ပါတယ်။ အရင်နေ့တွေကလည်း မိတ်ဆက်ပေးဖူးပါတယ်နော်။ တစ်ခြား အကြောင်းအရာလေးတွေကို ပြောပြပေးထားပါတယ်။ အခုပြောချင်တာလေးတွေကတော့ ဖုန်းတွေမှာ မရှိမဖြစ်လိုအပ်တဲ့ Screen Unlock အကြောင်းလေးပါ။ ဖုန်းတစ်လုံးမှာ Unlock ရှိဖို့က အရမ်းကို လိုအပ်ပါတယ်။ ကိုယ့်ရဲ့ လိုအပ်တဲ့ အကြောင်းအရာတွေကို ဒီဖုန်းထဲမှာပဲ သိမ်းဆည်းထားရတာပါ။ ဒါကို တစ်ခြားသူများက ယူမကြည့်နိုင်အောင် လုပ်ထားဖို့ဆိုတာက သေချာပေါက်ကို လိုအပ်တာပေါ့နော်။
အဲဒါတွေကို HUAWEI nova 2i က သေချာကို ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ HUAWEI nova 2i က Unlock ပြုလုပ်ဖို့အတွက် နည်း(၂)မျိုး ပြုလုပ်ပေးထားပါတယ်။ အဲဒါတွေကတော့ လက်ဗွေစနစ်ရယ် မျက်နှာအား အတည်ပြုခြင်းရယ်ဆိုပြီး နှစ်မျိုးပြုလုပ်ထားတာပါ။ လက်ဗွေစနစ်ဆိုကတော့ လူတိုင်းနီးပါးသိပြီးသားစနစ်လို့ ကျွန်မထင်ပါတယ်။ မျက်နာ Unlock ကတော့ ထူးထူးခြားခြားလေးပေါ့နော်။ သူကတော့ ပိုမိုလုံခြုံတဲ့ Unlock ပြုလုပ်ခြင်းဖြစ်ပါတယ်။
မျက်နှာပြင် Unlock ရဲ့ ထူးခြားချက်ကတော့ မျက်လုံးဖွင့်ထားသောအချိန်မှသာ အတည်ပြုနိုင်မှာဖြစ်ပါတယ်။ ကိုယ်က အိမ်ပျော်နေပါက အခြားတစ်ယောက်မှ ကိုယ့်ဖုန်းကိုလာရောက်ဖွင့်ခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ Face Unlock သည် အသုံးပြုသူ၏ မျက်နှာရှိအမှတ်အသား 1000 ကျော်ကို မှတ်သားထားတာ ဖြစ်ပါတယ်။ ဖုန်းအတွင်းရှိဓာတ်ပုံနှင့် ဗီဒီယိုများအားအခြားသူများမှ လာရောက်အသုံးပြုခြင်းမှ ကာကွယ်နိုင်ပါသည်။
အချက်အလက်များအား Kirin Processor ၏ Trusted Execution Environment (TEE) အတွင်းသိမ်းဆည်းထားခြင်းကြောင့် လုံခြုံရေး အမြင့်မားဆုံးဖြစ်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ ဖုန်း screen အားဖွင့်ပြီးမှ unlock ပြုလုပ်ခြင်းနှင့် ပိတ်ထားလျက်အနေအထားမှ unlock ပြုလုပ်ခြင်းဆိုပြီး သုံးစွဲသူအနေနဲ့ စိတ်ကြိုက်ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဖုန်း screen ကိုပွတ်လိုက်ပြီး Unlock ပြုလုပ်ခြင်းဖြင့် အသုံးပြုသူ၏ မျက်နှာ အတည်ပြုချက်ပေါ်မူတည်၍ Screen ပေါ်တွင် Text Message, WeChat Message, QQ Message တို့၏ အချက်အလက်များအား ပြောင်းလဲ ဖော်ပြထားမှာဖြစ်ပါတယ်။ အသုံးပြုသူသည် ပိုင်ရှင်ဖြစ်ကြောင်းအတည်ပြု နိုင်ပါက Notification ၏ အသေးစိတ်အချက်အလက်များအား ဖော်ပြပေးမည်ဖြစ်ပြီး အခြားအသုံးပြုသူဖြစ်ပါက ၎င်းအသေးစိတ်အချက်အလက်များအား ဖော်ပြပေးမည် မဟုတ်ပါတဲ့ အရမ်းကို လုံခြုံစိတ်ချရတဲ့ ဖုန်းအမျိုးအစားဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာကတော့ Face Unlock ကို အလွန်မှောင်သော အခြေအနေတွင် အသုံးပြု၍ မရနိုင်သော်လည်း လမ်းမီးအနည်းငယ်ရှိတဲ့ ညအချိန်မှာတော့ အသုံးပြုနိုင်ပါတယ်။
ကဲဒီလိုအဆင့်မြင့်တဲ့ AR Lens နဲ့ Face Unlock Function တွေကို ဇန်နဝါရီလ ၃၁ ရက်နေ့ကနေစပြီး အသုံးပြုလို့ရတော့မယ်လို့ ကြားနေတယ်နော်။ ၃၁ ရက်နေ့ကျရင် အခုလက်ရှိသုံးနေတဲ့ HUAWEI nova 2i ဖုန်းတွေကို System Update လုပ်လိုက်တာနဲ့ ဒီ Function တွေက အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ ၃၁ ရက်နေ့ နောက်ပိုင်းဝယ်တဲ့ HUAWEI nova 2i ဖုန်းတွေမှာလည်း ဒီ Function တွေက တခါတည်းပါလာမှာနော်။ HUAWEI nova 2i အသုံးပြုတဲ့သူတွေအနေနဲလည်း ခေတ်နဲ့ အညီ ပြတ်မကျန်ခဲ့အောင် အမြန် update တင်နိုင်ဖို့ သတင်းပေးလိုက်ရပါတယ်နော်…….