ရန်ကုန်၊ ဇန်နဝါရီ ၁၅ ။ ။ နိုင်ငံတော်တွင် လက်ရှိဖြစ်ပျက်နေသည့်ကိစ္စများနှင့် ပက်သက်ပြီးဆွေးနွေးနိုင်ရန်အတွက် အတိုက်ခံပါတီဖြစ်သည့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) မှနိုင်ငံတော်သမ္မတထံ တွေ့ဆုံခွင့်တောင်းထားကြောင်း ပါတီဥက္ကဋ္ဌဖြစ်သူ ဦးသန်းဌေးကပြောဆိုလိုက်သည်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့တွင် ယနေ့ (ဇန်နဝါရီ ၁၅ ရက်) ပြုလုပ်နေသည့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) ၏ပါတီဝင်များနှင့်တွေ့ဆုံပွဲမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
“ နိုင်ငံတော်သမ္မတကြီးကိုတွေ့ခွင့်တောင်းထားတယ်။ ဒါပေမယ့် တွေ့ခွင့်ရမရ မသိသေးဘူး “ ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကပြောသည်။
သို့သော်မည်သည့် ရက်က မည်သို့တွေ့ရန်ခွင့်တောင်းထားသည်ကို မူထည့်သွင်းပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် ဆန်၊ ဆီ ဈေးနူန်းများတတ်နေခြင်း၊ လုံခြုံရေးဏ္ဍလုပ်ဆောင်နေမှုများ၊ ရခိုင်ပြည်နယ်ရှိပဋိပက္ခနှင့် ဘာသာရေး ကိစ္စကိုင်တွယ်မှုကိစ္စများ အပေါ် အစိုးရ၏ကိုင်တွယ်မှုကိုလည်း မေးခွန်းထုတ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
ထို့အပြင် အချို့မြို့နယ်များတွင် ပြည်ခိုင်ဖြိုးပါတီသို့ ရွာလုံးကျွတ်ဝင်ရောက်လျက်ရှိကြောင်း ပါတီဥက္ကဋ္ဌမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
လက်ရှိအစိုးရသည် ၎င်းတို့အား ထောက်ခံသော ပြည်သူ ၁၂ သန်းမျှနဲ့သာ ထိုက်တန်သော အစိုးရဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ဇန်နဝါရီလ ၈ ရက်က ပြောကြားထားသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD ) ကအများဆုံးမဲရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အခြား ပါတီများက မဲများ ခွဲေ၀ ရရှိခဲ့ခြင်းဖြစ်သည်။