မော်စကို၊ ဇန်နဝါရီ ၁ ။ ။ ရုရှသမ္မတ ဗလာဒီမာပူတင်က ပြည်သူပြည်သားများအား ၂၀၁၈ ခုနှစ်တွင် ပိုမိုကောင်းမွန်မှုများ ပြောင်းလဲဖော်ဆောင်ရန် အစဉ်အလာရှိပြောဆိုရေလေ့ရှိသော နှစ်သစ်ကူးည ရုပ်မြင်သံကြားမိန့်ခွန်းတွင် ဆုတောင်းဆန္ဒပြု ပြောကြားသည်။
“လူတိုင်း၊ မိသားစုတိုင်းရဲ့ ဘဝတွေ အထိုထိုမှာ ပိုမိုကောင်းမွန်မှုတွေ ဆောင်ကြဉ်းကြပါစို့။”ဟု ပူတင်၏ ပြည်သူများသို့ ပြောကြားသော နှစ်သစ်ကူးမိန့်ခွန်းကို နိုင်ငံပိုင်မီဒီယာနှင့် ပုဂ္ဂလိကပိုင် မီဒီယာများက ထုတ်လွှင့်ပြသခဲ့သည်။
ရုရှခေါင်းဆောင်အနေဖြင့် ယင်းမိန့်ခွန်းတွင် စစ်တပ်နှင့် အဓိကတာဝန်နေရာများတွင် ထမ်းဆောင်နေရသူများသို့ အထူးဆုတောင်းများ ထည့်သွင်းပြောကြားကြောင်း မီဒီယာများက ဖော်ပြသည်။
ပြည်သူများအနေဖြင့် နိုင်ငံအတွင်း ကိုယ်ကိုကို ယုံကြည်မှု ရှိကြခြင်းအတွက် ကျေးဇူးတင်စကားလည်း ပူတင်က ဆိုသည်။
“ချစ်မြတ်နိုးရတဲ့ တစ်ခုတည်းသော မဟာရုရှနိုင်ငံကို ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးကြွယ်ဝမှုတွေ ဖြစ်ထွန်းပါစေ။”ဟုလည်း ၎င်းက ဆန္ဒပြုသည်။
သမ္မတ ပူတင်သည် ၁၉၉၉ ခုနှစ်က ရာထူးအာဏာ စတင်ရရှိခဲ့ခြင်းဖြစ်ကာ ၂၀၁၈ မတ်လတွင်း ကျင်းပရန်ရှိသော ရွေးကောက်ပွဲအား သမိုင်းဝင်အဖြစ် လေးကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိသည်။
မဲရလဒ်များ များစွာအနိုင်ရမည် မျှော်လင့်ရပြီး ၎င်း၏ သမ္မတအဖြစ် ထမ်းဆောင်ခြင်းကို ၂၀၂၄ အထိတိုင်အောင် တာဝန်ယူဖြစ်နိုင်၍ အာဏာရှင် ဂျိုးဆက်စတာလင်နောက်ပိုင်း အရှည်ကြာဆုံး ရုရှခေါင်းဆောင်တစ်ဦး ဖြစ်လာမည်ဖြစ်သည်။