နယူးဒေလီ၊ ဒီဇင်ဘာ ၁၄ ။ ။ အိန္ဒိယနိုင်ငံရှိ စစ်ပညာသင်တန်းလေ့ကျင့်ရေးတက္ကသိုလ်တွင် AK 47 ပစ်ခတ်နည်းမှသည် ကွန်ပြူတာအသွင်တု စစ်ဆင်စီးနင်းမှုများအအထိ အာဖဂန်နစ္စတန် အမျိုးသမီး စစ်သမီးများကို လေ့ကျင့်သင်ကြားပေးနေပြီဖြစ်သည်။
တောင်ပိုင်း အိန္ဒိယ ချန်နိုင်းမြို့က စစ်တက္ကသိုလ်တွင် အာဖဂန်အမျိုးသမီးများက ပထမဆုံး တက်ရောက် စစ်ပညာ သင်ကြားခွင့် ရခြင်းပဲ ဖြစ်သည်။
အဆိုပါ စစ်တက္ကသိုလ်မှာ နှစ်အတန်ကြာ အိန္ဒိယနိုင်ငံ၏ စစ်တပ်မှ စစ်သားများကိုသာ လေ့ကျင့်ပေးလာသည့် တက္ကသိုလ်ဖြစ်ပြီး သိပ်မကြာသေးသော အချိန်ကာလကမှ အိန္ဒိယအမျိုးသမီးများကိုပါ စစ်သင်တန်း သင်ကြားပေးလာသည့် စစ်တက္ကသိုလ်တစ်ခု ဖြစ်သည်။
အာဖဂန်စစ်သမီးများကို လက်နက်ပစ်ခတ်နည်း၊ စစ်နည်းဗျူဟာ၊ စစ်တပ်ကူထောက်ပို့၊ ရေကြောင််းလေကြောင်း သွားလာမှု စစ်မြေပုံရပ်ပညာ စသည်တို့ကို သင်ကြားပေးသည်။
ယခု သီတင်းပတ် စစ်သင်ခန်းစာမှာ AK 47 အသုံးပြုပစ်ခတ်နည်းနှင့် ချုံခိုတိုက်ခိုက်ခံရသည့် အနေအထား လေ့ကျင့်မှုတို့ပဲဖြစ်သည်။
သီတင်းသုံးပတ်ကြာ အဆိုပါ စစ်သင်တန်းသည် ဒီဇင်ဘာ ၂၄ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။ ယခု သင်တန်းမှာ အမျိုးသမီး စစ်သမီးများ ပိုမိုစုဆောင်းလိုသော အာဖဂန်အမျိုးသားစစ်တပ်၏ အားထုတ်မှု တစ်စိတ်တစ်ဒေသအဖြစ် လာမည့်နှစ်တွင် စီစဉ်ထားသော တင်းပြည့်ကြပ်ပြည့် စစ်သင်တန်းစေလွှတ်ရေးအတွက် မြေစမ်းခရမ်းပျိုး အစပြုသင်တန်းလည်းဖြစ်သည်။
အာဖဂန်နစ္စတန်နိုင်ငံသည် လက်ရှိ စစ်တပ်အတွင်း အရေအတွက် အလွန်နည်းစွာ သုံးရာခိုင်နှုန်းသာ ရှိသော အမျိုးသမီးစစ်အင်အားကို ဆယ်ရာခိုင်နှုန်းအထိ မြှင့်တင်နိုင်ရေး ရည်မှန်းထားသည်။