ဒီဇင်ဘာ ၉၊ ရန်ကုန်။ ။ ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်နေသော M-150 ယူ-၂၃ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲအဖွင့်ပွဲတွင် မြန်မာယူ-၂၃အသင်းမှာ ဗီယက်နမ်ယူ-၂၃အသင်းကို ၄-၀ဂိုးဖြင့်ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။
မြန်မာယူ-၂၃အသင်းပွဲထွက်လူစာရင်းတွင် ၂၀၁၇ဆီးဂိမ်းစ်အသင်းမှ ကစားသမားများဖြစ်သော ဆန်းဆက်နိုင်(ဂိုး)၊ နန်းဝေမင်း၊ ထိုက်ထိုက်အောင်၊ လှိုင်းဘိုဘို၊ မောင်မောင်လွင်၊ ရန်နိုင်ဦး၊ စည်သူအောင်တို့ပါဝင်ပြီး ယူ-၁၈ကစားအချို့ပေါင်းစပ်ပါဝင်ခဲ့သည်။ မြန်မာယူ-၂၃အသင်းမှာ ဗီယက်နမ်ယူ-၂၃အသင်းကို အဖက်ဖက်မှ ယှဉ်ပြိုင်ကစားနိုင်ခြင်းမရှိပဲ ပွဲချိန်အစအဆုံးနီးပါးခံစစ်သာကစားခဲ့ရကာ လေးဂိုးပြတ်ရှုံးခဲ့ရသည်။
မြန်မာယူ-၂၃အသင်းမှာ M-150 ဖိတ်ခေါ်ပြိုင်ပွဲတွင် ဗီယက်နမ်၊ ဥဇဘက်ကစ္စတန်အသင်းများနှင့်တစ်အုပ်စုတည်းကျရောက်နေပြီး အုပ်စုဒုတိယပွဲအဖြစ် ဒီဇင်ဘာ ၁၁ရက်တွင် ဥဇဘတ်ကစ္စတန်အသင်းနှင့်ကစားရမည်ဖြစ်သည်။