မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရိုမီလူ လူကာကူဟာ ပြီးခဲ့တဲ့ နွေရာသီက လော့စ်အိန်ဂျယ်လိစ်မှာ ငှားရမ်းနေထိုင်ခဲ့တဲ့ နေအိမ်တစ်အိမ်မှာ ဆူညံမှုပြုလုပ်ခဲ့တယ်လို့ဆိုကာ ၎င်းအနီးအနားမှ တိုင်ကြားမှု ၅ ခု ကြောင့် Beverly Hills ရဲဌာနသို့ ဒဏ်ကြေးငွေ ပေးဆောင်ရန် သဘောတူညီခဲ့တယ်လို့ သိရပါတယ်။
အဲဒီချိန်က လူကာကူဟာ အမေရိကန်မှာ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာနှင့်အတနွေရာသီအားလပ်ရက် အနားယူခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ အဲဗာတန်အသင်းမှ မန်ယူအသင်းသို့ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ရ၅ သန်းဖြင့် မပြောင်းရွှေ့ခင် ဇွန်လက ထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။
အဆိုပါဘယ်လ်ဂျီယံကစားသမားဟာ တိုင်ကြားမှုတွေအတွက် ဒေါ်လာ ၄၅၀ (ပေါင်၃၄၀) ပေးဆောင်သွားမယ်လို့ သိရပါတယ်။
၎င်းပြစ်မှုမှာ အများဆုံး ထောင် ၆ လထိ ကျခံရနိုင်ပေမယ့် လျော်ကြေးငွေ ပေးဆောင်ရန် သဘောတူခဲ့တာကြောင့် လူကာကိုရဲ့ ပြစ်ဒဏ်ကို လျော့ပေါ့စေတာဖြစ်ပါတယ်။
လူကာကူဟာ အေးချမ်းငြိမ်သက်မှုကို အနှောင့်အယှက်ပြုမှုနှင့် တရားစွဲဆိုခံရမှာဖြစ်ပြီး ၎င်းမှာ ဒဏ်ငွေ ဒေါ်လာ ၁၀၀ (ပေါင် ရ၆) ပေးဆောင်ရမည့်အပြင် အခြား ကုန်ကျစရိတ်များနှင့် ပြစ်ဒဏ်များအတွက်လည်း ပေးရမှာဖြစ်ပါတယ်။
အဆိုပါပြစ်မှုကို ဒီဇင်ဘာလ ၁၈ ရက်မှာ လော့စ်အိန်ဂျယ်လိစ်မှာ နောက်တစ်ကြိမ် ကြားနားစစ်ဆေးရမယ်လို့ သိရပါတယ်။
Ref; BBC