အိန္ဒိယနိုင်ငံရဲ့ကျေးလက်ဒေတွေမှာ တစ်ကိုယ်ရေသန့်ရှင်းရေး အိမ်သာအသုံးပြုမှုအားနည်းနေသေးတဲ့ အတွက်ကြောင့် အကျိုးပြုသီချင်းကို သီဆိုသွားဖို့ရှိတယ်လို့ အဆိုတော် ရင်ဂိုက ပြောပါတယ်။
"အကျိုးပြုသီချင်းလေးပေ့ါ။အကျိုးပြုသီချင်းဆိုပေမယ့် အဖွဲ့လိုက်ဆိုရမှာဆိုတော့ သမီးက (AOR) ကျောင်းလုပ်ထားတော့ ကလေးတွေရော လူကြီးတွေရောပေါင်းပြီး ဒီသီချင်းကို ဆိုပေးပါ၊ ရေးပေးပါဆိုပြီးပြောတာ အော်ရယ်ဂျင်နယ်က အိန္ဒိယ စာသား အန္ဒိယသံစဉ် " လို့ ရင်ဂိုက ပြောပါတယ်။
မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတော်တော်များကလည်း အိန္ဒိယနိုင်ငံရဲ့ကျေးလက်ဒေတွေမှာ တစ်ကိုယ်ရေသန့်ရှင်းရေး အသုံးပြုတက်ဖို့အကျိုးပြုသီချင်းကို ဆိုထားပြီဖြစ်တယ်လို့လည်း သိရပါတယ်။
"တရုတ်ပြည်က တရုတ်ဘာသာနဲ့ ပြန်တယ်။ သံစဉ်ကတော့အိန္ဒိယသံစဉ်၊ တီးလုံးလည်း အိန္ဒိယက ပေးတယ်။ ဒီက မြန်မာစာသားထည့်၊ တရုတ်ပြည်က တရုတ်စာထည့် ၊ အင်္ဂလိပ်က အင်္ဂလိပ်စာသာထည့် ၊ မလေးရှားက မလေးရှားဘာသာနဲ့ထည့်ပြီး ဆိုကြတာ။ ၁၀နိုင်ငံကျော်ပြီလို့ပြောတယ်။ အားလုံးဝိုင်းကူညီကြတာပေ့ါ" လို့ ပြောပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ၀န်ကြီးချုပ်ဟောင်း ရှရီ နာရင်ဒရာ မို ဒီ ပြောကြားခဲ့တဲ့ " သန့်ရှင်းကျန်းမာ ဒို့အိန္ဒိယမှာ " ဆိုတဲ့ ဆောင်ပုဒ်ကို ယူပြီး ဆူလာဘ် ရှော်ချလေ ဆိုတဲ့အဖွဲ့ကို တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့ဟာ အိန္ဒိယနိုင်ငံရဲ့လူနေမှုအဆင့်အတန်းမြင့်မားဖို့အတွက်နဲ့ တစ်နိုင်ငံလုံး ရေလောင်းအိမ်သာ သုံးစွဲဖို့ ကို ကျေးလက်တွေအထိသွားပြီး ပညာပေးမှုတွေလုပ်ဆောင်ခဲ့တာပါ။