ရေးသားသူ Kyaw Thura Htun
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe
ကိုယ့်ကိုယ်ကိုယ် အကောင်းပြောအားပေးခြင်းက ခြားနားမှုဖြစ်စေနိုင်လား
ကိုယ် ့ကိုယ်ကိုစကားပြောတယ်ဆိုတာကစိတ်ထဲမှာသင့်ကိုယ်ကိုသင်စကားပြော နေခြင်းပါ။ယုံချင်ယုံ၊ မယုံချင်နေပါ။သင့်ကိုယ်သင်ဘယ်လိုပြောလဲဆိုတာကသင့် စိတ်ခံစားချက်နဲ့အပြုအမူအပေါ်အများကြီးသက်ရောက်မှုရှိပါတယ်။
ဒါကြောင့်လည်းသင့်ကိုယ် သင် ပြောဖြစ်တဲ့ကိုယ်လက်လှုပ်ရှားမှုအကြောင်းတွေ၊ ကျန်းမာရေးအကြောင်း
တွေကိုသတိပြုမိဖို့လိုပါတယ် ။ဒါကသင့်ရဲ့အစီအစဉ်အတိုင်းလုပ်လုပ်မလုပ်လုပ်သင့်ရဲ့လုပ်ဆောင် ချက်တွေအပေါ်အကျိုးသက်ရောက်နိုင်ပါတယ်။
သင့်ကိုယ်သင် “ငါကကြ့ံခိုင်တဲ့အကောင်မှမဟုတ်တာ၊ဒီလိုလေ့ကျင့်ခန်းတွေဆက်လုပ် နိုင်မှာ မဟုတ်ပါဘူး” ဒီလိုမျိုးသင်ကျရှံုးစေနိုင်မယ့်စကားတွေမပြောပါနဲ့။
ကံကောင် းစွာနဲ့ပဲသင့်ရဲ့မကောင်းမြင်တဲ့မိမိကိုယ်ကို ပြောစကားတွေကိုလက်တွေ့ကျတဲ့အကောင်းမြင်တဲ့အတွေးတွေအနေနဲ့ ပြောင်းလဲနိုင်ပါတယ်။
နောက်တစ်ခါ လေ့ကျင့်ခန်းတွေနဲ့ပတ်သက်ပြီးသင့်အနေနဲ့မကောင်းတဲ့အ တွေးတွေးမိရင်အဲဒီမကောင်းတဲ့အတွေးကိုပစ်ချပြီး ကောင်းမွန််တဲ့အားပေးစကားကိုမိမိကိုယ်ကိုပြန်ပြောနိုင်အောင် ကြိုးစားပါ။
အဆိုးမြင်အတွေးများနဲ့အကောင်းမြင်အတွေးများ
အဆိုးမြင်အတွေး
ဥပမာ-ငါအရင်တစ်ပတ်ကတစ်ရက်မှလမ်းမလျှောက်ခဲ့ဘူး။ငါဟာလေ့ကျင့်ခန်းဘက်မှာလုံးဝအရှံုးသမားပဲ။
အ ကောင်းဘက်ကပြန်တွေးရင် အရင်အပတ်ကရရက်မှာ၄ရက်လမ်းလျှောက်ခဲ့တယ် ။ ဘာလေ့ကျင့်ခန်းမှ မလုပ်တာထက်စာရင်တော့ပိုကောင်းတာပေါ့။
အကောင်းကိုအဆိုးတွေးခြင်း
ဥပမာ-ငါကားကိုစတိုအပေါက်ဝကနေ အဝေးကြီးမှာ ပါကင်ထိုးတာက အနီးမှာထိုးစရာပါကင်ရှာမတွေ့လို့။
အကောင်းဘက်ပြန်တွေးရင် ။ ။ငါလမ်းလျှောက်ရတာကြိုက်လို့၊လမ်းလျှောက်တာကကျန်းမာရေးလည်းကောင်းလို့။
အကြမ်းဖျင်းတွေးတောခြင်း
ဥပမာ-ငါမပြေးနိုင်ဘူး။ဒါကြောင့်ငါကျန်းမာရေးကောင်းဖို့လုံလောက်တဲ့လေ့ကျင့်ခန်းမရခဲ့ဘူး။
အကောင်းဘက်ပြန်တွေးရင်။ ။ငါလမ်းလျှောက်ဖြစ်တာဝမ်းသာတယ်။ဘာလေ့ကျင့်ခန်းမှမလုပ်တာထက်စာရင်တော့ပိုကောင်းတာပေါ့။
အဆိုးဘက်ကအဓိပ္ပါယ်ကောက်ခြင်း
ဥပမာ-ဆရာဝန် ကငါလေ့ကျင့်ခန်းမလုပ်ခင်ခြေထောက်ကိုစစ်ဆေးခိုင်းတယ်။ဒါက လေ့ကျင့်ခန်းလုပ်တာကငါ့ခြေထောက်အတွက်မကောင်းလို့နေမယ်။
အကောင်းဘက်ကတွေးရင်။ ။ငါ့မှာဆီးချိုရှိတဲ့အတွက်ငါ့ခြေထောက်ကိုဂရုစိုက်ရမယ်။ဆရာဝန်ကစစ်ဆေးခိုင်းလိုက်တာကောင်းတယ်။
တစ်ကိုယ်ကောင်းအတွေး
ဥပမာ-မိုးလေဝသကငါနဲ့ဆန့်ကျင်ဘက်ပဲ။ငါလမ်းလျှောက်ဖို့စီစဉ်ထားပေမယ့့် မိုးက သည်းကြီးမည်းကြီး တောက်လျှောက်ရွာနေတယ်။
အကောင်းဘက်ကပြန်တွေးရင်။ ။မိုးလေဝသဆိုတာခန့်မှန်းလို့မှမရပဲ။ငါဒီနေ့လိုမျိုးမိုးရွာတဲ့နေ့ တွေမှာအိမ်ထဲမှာပဲ လေ့ကျင့်ခန်းလုပ်မယ်