နိုဝင်ဘာ ၁၉၊ အင်္ဂလန် ။ ။ အာဆင်နယ်အသင်းအား အမ်းမရိတ်ကွင်းတွင် ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီးနောက် ကွင်းလယ်ဒိုင်လူကြီးမိုက်ဒိန်း၏ ဆုံးဖြတ်ချက်များကို စပါးနည်းပြ ပိုချက်တီနိုက ပြစ်တင်ပြောဆိုလိုက်သည်။
ပထမဂိုးပေးခဲ့ရသည့် ပြစ်ဒဏ်ဘောမှာ မပေးသင့်ကြောင်းနှင့် ၂ ဂိုးစလုံးမှာ လူကျွံအနေအထားဖြစ်ကြောင်း ပိုချက်တီနိုက ဆိုသည်။
“ကျွန်တော်ဘာမှ ပြောဖို့ မလိုပါဘူး။ ဒီပွဲကို ကွင်းထဲမှာကြည့်နေတဲ့သူရော၊ အိမ်က ကြည့်နေတဲ့သူတွေရော ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ မြင်ကြမှာပါ။ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ရလို့ ဒါကို လက်ခံရတာ ခက်ပါတယ်။
ဂိုးမပေးရခင်အချိန်အထိ ကျွန်တော်တို့ပိုကောင်းအောင် ကစားနိုင်ခဲ့တာပါ။ မူစတာဖီရဲ့ ဂိုးတိုက်ဂိုးက လုံးဝ လူကျွံနေပါတယ်။ ဒီဂိုးဖြစ်လာဖို့ ပေးခဲ့ရတဲ့ ပြစ်ဒဏ်ဘောကလည်း မပေးသင့်ပါဘူး။ ဒုတိယဂိုးမှာတော့ လာကာဇက်တီ လူကျွံနေလား၊ မကျွံနေလားဆိုတာ မသေချာပါဘူး။
အာဆင်နယ်လိုအသင်းနဲ့ယှဉ်ပြိုင်ရတဲ့ပွဲမျိုးမှာ အသေးစိတ်ကအစ အရေးကြီးပါတယ်။ ဒါလေးတွေကပဲ ပွဲကို အလှည့်အပြောင်း ဖြစ်သွားစေတာပါ။ ကျွန်တော်စိတ်ပျက်မိပါတယ်။ ဒါပေမဲ့လည်း ဒါက ဘောလုံးအားကစားဖြစ်လို့ လက်ခံရမှာပါပဲ” ဟု ပိုချက်တီနိုက ပြောဆိုခဲ့သည်။
ရည်ညွှန်း ဒေးလီးမေးလ်