Shop.com.mm ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော တစ်နှစ်တာ၏ အထူးစျေးရောင်းပွဲတော် Black Friday ကို နို၀င်ဘာလ ၂၂ ရက်နေ့မှ ၃၀ ရက်နေ့အထိ Shop.com.mm Online ပေါ်တွင် ပြုလုပ်သွားမည်ဖြစ်သည်။ Black Friday ပွဲတော်ကို နှစ်စဉ်နို၀င်ဘာလနောက်ဆုံး အပတ်ဉ် ကမ္ဘာတစ်ဝှမ်းလုံးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး အအောင်မြင်ဆုံးသော ပွဲတော်တစ်ခုလည်းဖြစ်သည်။
Shop.com.mm ၏ ယခုနှစ် Black Friday ပွဲတော်ကြီး တွင် နာမည်ကြီးအမှတ်တံဆိပ် ကုန်ပစ္စည်းမျိုးစုံကို အများဆုံးအထူး လျှော့စျေး ၉၀% အထိ ၀ယ်ယူနိုင်မည်ဖြစ်သောကြောင့် စျေးဝယ်သူများအနေဖြင့် စိတ်ကြိုက်ပစ္စည်းများကို စျေး အသက်သာဆုံးနှင့်ဝယ်ယူနိုင်မည်။
ယခုနှစ် Black Friday ပွဲတော်ကြီးကို Shop.com.mm နှင့်အတူ Pond’s မှ အဓိက စီစဉ်တင်ဆက်ပြီး Ooredoo, Visa, Vaseline, Dove, Maybelline တို့မှ ပါ၀င်ကူညီ ပံ့ပိုးပေးထားပါသည်။
Pond’s ၏ နောက်ဆုံးထုတ်ကုန်ပစ္စည်းများဖြစ်သော Pond’s White Beauty SPF Cream, BB Cream, Pond’s Acne Clear Cream တို့ကို Black Friday တွင် အထူးလျှော့စျေးများဖြင့်လည်း ၀ယ်ယူနိုင်မည်ဖြစ်သည်။ Black Friday တွင် Visa Card အသုံးပြုသူများမှာ လျှော့စျေးများအပြင် အပိုလျှော့စျေး ၅% ကိုလည်းထပ်မံရရှိမည် ဖြစ်ပါ သည်။
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီးရှိ KFC ဆိုင်များ အားလုံးတွင် ကျပ် ၃၀၀၀ ဖိုးနှင့်အထက် ၀ယ်ယူစားသုံးသူများမှာ Shop.com.mm ၏ လျှော့စျေး ၅၀၀၀ တန် ကူပွန်ကို ရရှိမည်ဖြစ်ပြီး အော်ဒါတင်ဝယ်ယူနိုင်ရန်လည်း KFC ဆိုင်များရှိ Shop.com.mm ၀န်ထမ်းများမှ ကူညီပေးသွားမည်ဖြစ်သည်။
ထို့ကြောင့် နာမည် ကြီးအမှတ်တံဆိပ် ၅၀၀ ကျော်နှင့် ကုုန်ပစ္စည်းအမျိုးစားပေါင်း ၈၀၀၀၀ ကျော်ကို အံ့သြစရာ အထူးလျှော့စျေးများဖြင့်ရရှိနိုင်မည့် Black Friday ပွဲတော်ကြီးကို နို၀င်ဘာလ ၂၂ ရက်နေ့ မှစ၍ ၀င်ရောက်ဆင်နွှဲနိုင်ကြပြီဖြစ်ပါသည်။