စီရော်နယ်လ်ဒိုဟာ တစ်ဦးချင်းဆုတံဆိပ်များ ဆွတ်ခူးနိုင်ရေးနှင့် ပတ်သက်လို့ စိုးရိမ်မှု မရှိကြောင်း ဒါပေမယ့် သူဟာ ကလေး ရ ဦး ပိုင်ဆိုင်လိုပြီး Ballon d'Or ဆု ရ ဆုထိ ရယူလိုကြောင်း ရီးယဲလ်မက်ဒရစ်ကြယ်ပွင့်ကစားသမားက ပြင်သစ်နာမည်ကြီးမီဒီယာ လိခီပယ် (L'Equipe) ကို ပြောဆိုခဲ့ပါတယ်။
သူဟာ လာမယ့်လမှာ Ballon d'Or ဆုကို ၅ ကြိမ်မြောက် ရရှိဖို့ ရေပန်းစာနေတယ်လို့ သိရပါတယ်။
ရီးယဲလ်ရဲ့ ဂျာစီနံပါတ် ရ ပိုင်ရှင်က “တစ်ဦးချင်းဆုတံဆိပ်တွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်ချင်း ဘာမှ မရှိပါဘူး။ ကျနော် အသက် ၃၂ ရှိပြီး ၃၃ နားနီးကပ်လာပါပြီ။ ကျနော့်ကမ္ဘာက ဘောလုံးနှင့်ပတ်သက်တဲ့အရာတွေဘဲ မဟုတ်ပါဘူး။ အခြားအရေးကြီးတဲ့ အကြောင်းအရာတွေလည်း ရှိပါတယ်။”လို့ ပြောပါတယ်။
“Ballon d'Or ဆုအတွက် မဲပေးရွေးချယ်နေတုန်းလို့ ကျနော် သိထားပါတယ်။ ကျနော် ယုံကြည်မှုရှိပါတယ်။ ဒီဆုကို ဆွတ်ခူးဖို့ ယုံကြည်မှု ရှိပါတယ်။ စိုးရိမ်စရာ မရှိပါဘူး။”
“ကျနော် ကလေး ရ ယောက် ပိုင်ဆိုင်လိုပြီး Ballon d'Or ဆု အများကြီး ရယူချင်ပါတယ်။ ကျနော် ဘောလုံးကစားနေသမျှ ကျနော် တတ်နိုင်သလောက် ဆုတံဆိပ်အကုန်လုံး ရဖို့ ရည်မှန်းချက်ရှိပါလိမ့်မယ်”
“ဒါကြောင့် ကျနော်ရဲ့ အိမ်မက်က ၅ ကြိမ်မြောက် Ballon d'Or ဆုဖြစ်ပါတယ်။ ပြီးနော့ လာမယ့်နှစ်မှာ နောက်ထပ်တစ်ခုအတွက် ကြိုးစားသွားပါမယ်”လို့ ရော်နယ်လ်ဒိုက ပြောဆိုသွားပါတယ်။
ရော်နယ်လ်ဒိုအနေနဲ့ လာမယ့်နှစ်မှာ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ဖို့ဆိုရင် ဒီထက်ပိုပြီး သွင်းဂိုးတွေနဲ့ သက်သေပြရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ သူဟာ လာလီဂါ ရ ပွဲမှာ ၁ ဂိုးသာ သွင်းယူထားပြီး ချန်ပီယံလိဂ်မှာတော့ ၆ ဂိုး သွင်းယူထားပါတယ်။
Ref; ESPN FC