Stranger Things ဇာတ်လမ်းတွဲ၏ မင်းသားတစ်ဦးဖြစ်သူ ချာလီဟိတ်တွန်က သူသည်ပြီးခဲ့သော ပိတ်ရက်က အဆိုပါဇာတ်လမ်းတွဲ၏ အထူးပြသပွဲသို့ မတက်ရောက်နိုင်ခဲ့သည့်အတွက် ပရိသတ်များကို တောင်းပန်ခဲ့ သည်။
Netflix မှ ထုတ်လွှင့်သည့် အဆိုပါဇာတ်လမ်းတွဲထဲ၌ ဂျိုနသန်ဘိုင်ယာဇာတ်ကောင်နေရာမှ သရုပ်ဆောင်ထား သည့် ဗြိတိန်သရုပ်ဆောင်ကြယ်ပွင့်သည် လော့စ်အိန်ဂျယ်လိစ်လေဆိပ်သို့ ရောက်ရှိချိန်၌ အမေရိကန်သို့ ပြည်ဝင်ခွင့်မရရှိသောကြောင့် အထူးပွဲကို မတက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
အသက် ၂၃နှစ်အရွယ်ရှိမင်းသား၏ ခရီးဆောင်အိတ်ထဲ၌ ကိုကင်းများကိုရှာတွေ့ခဲ့ကြောင်း မီဒီယာများက အခိုင်အမာဖော်ပြခဲ့ကြသည်။ သို့သော်လည်း သူသည်အဖမ်းခံခဲ့ရခြင်းမရှိသလို တရားစွဲခံရခြင်းလည်းမရှိ ကြောင်း ချေပပြောဆိုခဲ့သည်။
“ပြီးခဲ့တဲ့အပတ်က အမေရိကန်ကိုလာခဲ့ပေမယ့် အမေရိကန်လူဝင်မှုကြီးကြပ်ရေးကြောင့် ကျနော်ပြသနာ တက်ခဲ့ရပါတယ်။ ဒါကြောင့် ကျနော် မြန်နိုင်သမျှမြန်မြန် အဆင်ပြေအောင်လုပ်နေပါတယ်” ဟု သူက ပြောခဲ့သည်။
ဆက်လက်ပြီး “ ကျနော်အဖမ်းခံခဲ့ရတာမဟုတ်သလို တရားစွဲခံရတာလည်းမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားချင်ပါတယ်။ အမေရိကန်တာဝန်ရှိသူတွေရဲ့ စစ်ဆေးမှုကို ကျနော်နာခံခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ အထူးပြသပွဲကို မတက်ရောက်နိုင်တဲ့အတွက် ပရိသတ်အားလုံးနဲ့ Stranger Things မိသားစုကို တောင်းပန်ပါတယ်” ဟု သူက ပြောခဲ့သည်။
သို့သော်လည်း အမေရိကန်မှ ဥပဒေထိန်းသိမ်းသူများသည် ချာလီဟိတ်တွန်၏ အိတ်အတွင်းမှ ကိုကင်းများကို တွေ့ရှိခဲ့ရပြီး သူကိုယ်တိုင်သုံးစွဲခဲ့သည်ဟု မင်းသားဖြစ်သူကဝန်ခံခဲ့ကြောင်း The Hollywood Reporter က အခိုင်အမာ သတင်းတင်ပြခဲ့သည်။