နိုဝင်ဘာ ၁၊ မန်ချက်စတာ။ ။ ချန်ပီယံလိဂ်တွင် ရာနှုန်းပြည့်နိုင်ပွဲရပြီး ၁၆ သင်းအဆင့်သို့တက်ရန်နီးစပ်နေသည့် မန်ချက်စတာယူနိုက်တက်အသင်း၏ နည်းပြ မော်ရင်ဟိုက အသင်းအပေါ် ဝေဖန်မှုများကို ထပ်မံမေးခွန်းထုတ်ခဲ့ပြီး “ပွဲအပေါ်ကျွန်တော့်အမြင်ထက် ဆရာကြီးတွေ သုံးသပ်ရင် ပိုကောင်းပါလိမ့်မယ်”ဟု ပြောဆိုလိုက်သည်။
ဆက်လက်၍ မော်ရင်ဟိုက “ဘောလုံး စပယ်ရှယ်လစ်တွေက ကျွန်တော့်အလုပ်ကို မှတ်ချက်တွေပေးကြတော့ အခုလည်း သူတို့ကိုပဲ သုံးသပ်ခွင့်ပေးလိုက်ကြပါ။ ကျွန်တော်ကတော့ ပျော်တာထက်ပိုပါတယ်။
ကျွန်တော်တို့ကစားသမားအပြောင်းအလဲတွေလုပ်ခဲ့ပြီး အသင်းရဲ့ပုံစံကိုလည်းပြောင်းခဲ့သလို အကယ်ဒမီက လူငယ်တွေ (စကော့ မက် တွမ်မီနေး) ကိုလည်း နေရာပေးနိုင်ခဲ့ပါတယ်။
နှစ်ဂိုးသွင်းနိုင်ခဲ့တယ်၊ ဂိုးမပေးရဘူး၊ သုံးမှတ်ရတယ်၊ အသင်းအတွက်လည်း ပိုက်ဆံရတယ်၊ ဒဏ်ရာလည်းမရဘူး၊ ပျော်တယ်ဆို တာထက် ပိုပါတယ်”ဟု ပြောသည်။
ဘင်ဖီကာကို ၂-၀ ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် လူကာကူကို ပင်နယ်တီပေးမကန်ခဲ့ခြင်းမှာလည်း လေ့ကျင့်ရေးကွင်းမှစွမ်းရည်ကို ကြည့်ပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မော်ရင်ဟိုက ဆိုသည်။
Ref; Daily Mail