ဂျပန်သုတေသီတို့ မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲဖန်တီးထားတဲ့ ကြက်မများရဲ့ ဥများမှာ ကင်ဆင်အပါအဝင် ပြင်းထန်တဲ့ ရောဂါတွေကို တိုက်ဖျက်နိုင်တဲ့ ဆေးဝါးများ ပါဝင်နေပြီး ၎င်းက ဆေးကုသမှု ကုန်ကျစရိတ်ကို သိသိသာသာ လျှော့ချပေးနိုင်လိမ့်မယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။
“Interferon beta”လို့ခေါ်တဲ့ ပရိုးတင်းတစ်မျိုးကို နဗ်ကြောဆိုင်ရာ လက္ခဏာ အမျိုးမျိုး Sclerosis နှင့် အသည်းရောင်ရောဂါများအပါအဝင် နေထိုင်မကောင်းတဲ့ ရောဂါများအား ကုသရာမှာ အသုံးပြုပါတယ်။
သိပ္ပံပညာရှင်များက အဆိုပါကြက်မများမှ ဘေးကင်းတဲ့ “Interferon beta” များကို ထုတ်လုပ်ပေးနိုင်ပါက မိုက်ခရိုဂရမ်အနည်းငယ်အတွက် ယန်း ၁၀၀,၀၀၀ (ဒေါ်လာ ၈၈၈) အထိ ဆေးဖိုးဝါးခဟာ သိသိသာသာ ကျဆင်းသွားနိုင်တယ်လို့ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေတဲ့ Yomiuri Shimbun က ဆိုပါတယ်။
ကန်ဆိုင်းဒေသရှိ အဆင့်မြင့်စက်မှုသိပ္ပံနှင့် နည်းပညာဆိုင်ရာ အမျိုးသားဌာ (AIST) မှ သုတေသီများက အဆိုပါသုတေသနလုပ်ငန်းတွေကို လုပ်ဆောင်နေကြတာဖြစ်ပါတယ်။
အဆိုပါသိပ္ပံပညာရှင်များဟာ အခုဆိုရင် ဆေးဝါးပါတဲ့ ကြက်ဥများကို ဥပေးနိုင်တဲ့ ကြက်မ သုံးကောင် ရှိနေပြီး ၎င်းတို့က ဥများကို နေ့စဉ်နီးပါး ဥပေးနေကြောင်း သိရပါတယ်။
သုတေသီများက ၎င်းဆေးကို ဆေးဝါးကုမ္ပဏီများအား ရောင်းချဖို့ စီစဉ်နေကြောင်း သိရပြီး ဆေးဝါးသစ်များ သို့မဟုတ် နိုင်ငံခြားဆေးများ စတင်မိတ်ဆက်မှု စည်းမျဉ်းများကို ဂျပန်နိုင်ငံက တင်းကျပ်ထားတာကြောင့် ဝယ်ယူလိုသူများအနေနဲ့ အနည်းငယ်စောင့်ရဦးမှာဖြစ်ပါတယ်။
Ref; AFP