သြဂုတ် ၆ ။ ။ ကမ္ဘာကျော်ရုပ်ရှင်မင်းသား Seagal ကို အမေရိကန်-ရုရှားနှစ်နိုင်ငံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်ကြောင်းကို ပြီးခဲ့တဲ့ စနေနေ့မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အသက် ၆၆ နှစ်အရွယ် Seagal ဟာ ရုရှားနိုင်ငံသားဖြစ်သလို ရုရှားသမ္မတကိုလည်း အပြည့်အဝထောက်ခံတဲ့သူဖြစ်တဲ့အတွက် သံတမန်ခန့်အပ်ရခြင်းဖြစ်တယ်လို့သိရပါတယ်။
အဆိုပါရာထူးဟာ အခကြေးငွေမရတဲ့ ဂုဏ်ထူးဆောင်ရာထူးသာဖြစ်ပြီး Seagal အနေနဲ့ အမေရိကန်နဲ့ ရုရှားနှစ်နိုင်ငံကြား ဆက်ဆံရေးကောင်းမွန်အောင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်တွေကို ဦးဆောင်ရမှာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသား Seagal ဟာ ရုရှားသမ္မတပူတင်ရဲ့ နိုင်ငံရေးမူဝါဒတွေကို ထောက်ခံတဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ရုရှားနိုင်ငံသားအဖြစ် ခံယူခဲ့တာဖြစ်ပါတယ်။