အိန္ဒိယမှာ တားမြစ်ထားပေမယ့် ကွမ်းစားခြင်းက တွင်ကျယ်နေဆဲ ဖြစ်

အိန္ဒိယမှာ တားမြစ်ထားပေမယ့် ကွမ်းစားခြင်းက တွင်ကျယ်နေဆဲ ဖြစ်

နယူးဒေလီ၊ သြဂုတ် ၂ ။           ။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်က ဈေးဆိုင်ငယ်လေးတစ်ခုမှာ ဆိုနုဟာ စမုန်စပါး၊ ကွမ်းသီးမာ၊ အချိုအဆိမ့် စတာတွေ ရောနှောပါရှိတဲ့ အသင့်စား ဆေးရွက်ကြီးကွမ်းယာထုပ်တွေကို တင်ထားရောင်းချနေပါတယ်။

ဒီ ဆေးရွက်ကြီးကွမ်းယာထုပ်တွေဟာ အိန္ဒိယနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် စားသုံးနေကြတာလည်း ဖြစ်ပါတယ်။

ဂက်တာလို့ ဒေသအခေါ်ရှိတဲ့ ကွမ်းယာကို နိုင်ငံဧရိယာ တော်တော်များများမှာ ပိတ်ပင်တားဆီးထားပေမယ့် အာဏာပိုင်တွေရဲ့ မမြင်ကွယ်ရာမှာ ခိုးဝှက်ရောင်းချနေကြတာပဲ ဖြစ်ပါတယ်။

“ဒီ ကွမ်းယာ ဝယ်ယူစားတာဟာ တရားမဝင်ပါဘူး။ ကျွန်တော်က အရောင်းသမားပါ။ တစ်ယောက်ယောက်က သကြားလုံး လာဝယ်တယ်ဆို ဂက်တာကို ကျွန်တော် မရောင်းပါ။ တကယ်ပဲ ဂက်တာကို လာမေးလာဝယ်မှ ရောင်းတာ ဖြစ်ပါတယ်။”လို့ ဆိုနုက ပြောပါတယ်။

ဂက်တာ ထုတ်လုပ်မှုနဲ့ ရောင်းချမှုကို ပိတ်ပင်ထားပေမယ့် နိုင်ငံအနှံ့မှာ မီးခိုးမထွက်တဲ့ ဆေးရွက်ကြီး စားသုံးမှုအဖြစ် ဒါဟာ ရေပန်းစား တွင်ကျယ်နေဆဲပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကာလအတွင်း အနောက်ပိုင်း မဟာရာရှာထရာပြည်နယ်မှာ ဆေးရွက်ကြီး ကွမ်းယာ ဂက်တာထုပ်ပေါင်း အမေရိကန်ဒေါ်လာ ၅၈၀၀၀ တန်ဖိုးကို ရဲက ဖမ်းဆီးရမိခဲ့ပါတယ်။

“အိန္ဒိယမှာတော့ ဒါဟာ အမှန်ဖြစ်ပျက်နေပါတယ်။ ဂက်တာကို ဆိုင်တွေမှာ ခိုးရောင်းနေကြတာပဲ ဖြစ်ပါတယ်။”ဟု ဒေလီ ဆေးရွက်ကြီးထိန်းချုပ်ရေး ဌာန ညွှန်ကြားရေးမှူး အရိုရာက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly