ဇူလိုင် ၂၀ ။ ။ ရည်းစားကို ဓားနဲ့ ၂၅ ချက်ထိုးသတ်လိုက်တဲ့ ကင်ညာအလှမယ်ကို တရားရုံးက သေမိန့်ချလိုက်ပြီ ဖြစ်ပါတယ်။
အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ အလှမယ် Ruth Kamande ဟာ ၎င်းရဲ့ အသက် ၂၄ နှစ်အရွယ် ရည်းစား Farid Mohammed ကို ၂၀၁၅ ခုနှစ်မှာ သတ်ပစ်ခဲ့တာဖြစ်ပြီး မေလမှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။
အဆိုပါဖြစ်ရပ်ဟာ လူသားမဆန်စွာကျူးလွန်တဲ့ပြစ်မှုဖြစ်တယ်လို့ တရားသူကြီးကပြောပါတယ်။
ရည်းစားနဲ့အဆင်မပြေတိုင်း သတ်ပစ်တဲ့လုပ်ရပ်ဟာ မကောင်းဘူးဆိုတာကို လူငယ်တွေကို သိစေချင်ပါတယ်။ ဘယ်တော့မှ ဒီလိုမလုပ်ပါနဲ့ဟု ၎င်းကဆက်ပြောပါတယ်။
ဒီလိုတရားစီရင်လို့လည်း ကျေနပ်ပါတယ်။ သူအလုပ်ဝင်တာတောင်မကြာသေးဘူး။ ခုလိုအသတ်ခံရတာလို့ သေဆုံးသူ Farid Mohammed ရဲ့အဒေါ်ဖြစ်သူ Emmah Wanjiku ကပြောခဲ့ပါတယ်။
အလှမယ် Kamande ကတော့ အသနားခံစာတင်သွားမှာဖြစ်တယ်လို့ ၎င်းရဲ့ရှေ့နေ Joyner Okonjo ကပြောပါတယ်။