Justin Bieber နဲ့စေ့စပ်ထားတာမကြာသေးတဲ့ Hailey Baldwin ရဲ့အလှကို စက်တင်ဘာလထုတ် Vogue Japan မဂ္ဂဇင်းမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။
Burberry အင်္ကျီ၊ ရွှေဝါရောင်ဆံပင်ရှည်လေးနဲ့ လှပနေတဲ့ Hailey Baldwin ဟာ Fendi၊ Dolce & Gabbana ဝတ်စုံတို့ကိုပါဝတ်ဆင်ပြီး မဂ္ဂဇင်းအတွက် Cover Shooting ရိုက်ပေးခဲ့တာဖြစ်ပါတယ်။
Cover Shooting ရိုက်ပြီးမှ Justin Bieber နဲ့စေ့စပ်တာဖြစ်တဲ့အတွက် ဓာတ်ပုံတွေထဲမှာတော့ စေ့စပ်လက်စွပ်ကို မြင်ရမှာမဟုတ်ပါဘူး။
Justin နဲ့ Hailey တို့ဟာ ၎င်းတို့ရဲ့မင်္ဂလာပွဲမှာ မိသားစုဝင်တွေနဲ့ ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတွေကိုပဲ ဖိတ်ကြားသွားဖို့စီစဉ်ထားပြီး New York ဒါမှမဟုတ် Los Angeles မှာပြုလုပ်သွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောပါတယ်။