ရန်ပုံငွေကိစ္စကို သမ္မတရုံးညွှန်ကြားချက်အတိုင်းဆောင်ရွက်မည်

ရန်ပုံငွေကိစ္စကို သမ္မတရုံးညွှန်ကြားချက်အတိုင်းဆောင်ရွက်မည်

ဇူလိုင် ၁၆။                         ။ ဧရာဝတီ ပညာကျန်းမာဘက်စုံဖွံဖြိုးရေးတိုးတက်ရေး ဖောင်ဒေးရှင်းအနေဖြင့် ရန်ပုံငွေကိစ္စကို နိုင်ငံတော်သမ္မတရုံး ညွန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီ ပညာကျန်းမာဘက်စုံဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင် အလုပ်အမှုဆောင်ဦးကြည်အောင်က မဇ္ဈိမ သို့ပြောသည်။

“သမ္မတရုံး ညွန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့ပြင်ဆင်နေတယ်။အားလုံးအဆင်ပြေမှာပါ ” ဟု ပညာကျန်းမာဖောင်ဒေးရှင်း အတွင်းအရေးမှူး ဦးကြည်အောင်က မဇ္ဈိမသို့ပြောသည်။

ပထမအကြိမ်တိုင်းဒေသကြီးအစိုးရမှ ဖွဲ့စည်းထူထောင်ထားသည့် ဧရာဝတီဘက်စုံဖွံဖြိုးရေး ဖောင်းဒေရှင်းသည် ဧရာဝတီပညာကျန်းမာဘက်စုံဖွံဖြိုးတိုးတက်ရေး ဖောင်းဒေရှင်းသို့ အလှူငွေ ၅ဒဿမ၂ဘီလီယံအား ၂၀၁၆ခုနှစ်တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်းအား မေလ ၁၁ရက်နေ့တွင် ပညာကျန်းမာဖောင်းဒေရှင်းဥက္ကဋ္ဌဦးမောင်မောင်ဝင်းက မီဒီယာများအား တွေ့ဆုံရှင်းလင်းပြောကြားခဲ့ ဖူးသည်။

“ကျွန်တော်တို့က ပြန်တောင်းထားပါတယ်။ဒါက ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်တာပါ။ တိုင်းဒေသကြီးက မစစ်ပါဘူး။ ပြည်ထောင်စုစာရင်းစစ်ရုံးကစစ်တာပါ။ စစ်ဆေးတွေ့ရှိချက်ကို ပြန်တောင်းတာပါ။ သူတို့က အကြောင်းကြားထားပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး စီမံဘဏ္ဍာ ဝန်ကြီး ဦးဌေးဝင်းက ပထမအကြိမ်ရန်ပုံငွေနဲ့ပတ်သက်၍ မဇ္ဈိမသို့ပြောသည်။

အဆိုပါ ပထမအကြိမ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေနှင့်ပတ်သက်ပြီး ငွေကြေး ပြဿနာများ ဝေဖန်မှုများရှိခဲ့သလို ရန်ပုံငွေနှင့်ပတ်သက်သည့် မေးခွန်းအား ဖျာပုံမြို့နယ်မှ တိုင်းဒေသကြီး ကိုယ်စားလှယ်ဦးဇေယျာမင်းသိန်းက ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင်မေးမြန်းခဲ့ဖူးသည်။

လက်ရှိတာဝန်ထမ်းဆောင်နေသော တိုင်းဒေသကြီးအစိုးရအဖွဲ့သည် အဆိုပါ ငွေကြေးများအတွက် ပြန်လည်လွှဲပြောင်းနိုင်ရန် သမ္မတရုံးသို့ တင်ပြထားပြီး တိုင်းဒေသကြီးအစိုးရတစ်ရပ်အနေဖြင့် သီခြားရန်ပုံငွေတစ်ရပ် ထားရှိအသုံးပြုခွင့် မရချိန်တွင် ၎င်းငွေများပြန်လည်ရရှိပါက တိုင်းဒေသကြီး အကျိုးအတွက် အသုံးပြုနိုင်မည်ဟု ဧရာဝတီပညာကျန်းမာဖောင်းဒေရှင်းဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း (နယ်လုံဝန်ကြီး ဟောင်း) က ရန်ပုံငွေကိစ္စအတွက် ၂၀၁၇ခုနှစ်မေလတွင်ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောကြားခဲ့ဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required