ဇူလိုင် ၁၃ ။ ။ အမျိုးသားတွေပဲ ဘောလုံးကစားလေ့ရှိတဲ့ မလေးရှားနိုင်ငံမှာ ဘောလုံး ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်တဲ့အမျိုးသမီးကတော့ Qhouirunnisa’ Endang Wahyudi ပဲဖြစ်ပါတယ်။
အသက် ၁၈ နှစ်အရွယ် Qhouirunnisa’ ဟာ ၂၀၁၆ ခုနှစ်ကတည်းက YouTube ဗီဒီယိုတွေလေ့လာပြီး ကိုယ့်ဘာသာကိုယ် လေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။
၎င်းဟာ တစ်ပတ်မှာ ၄-၅ ရက် ဘောလုံးကန်လေ့ကျင့်သလို ဟန်ချက်ညီအောင်လည်း အမြဲလေ့ကျင့်နေသူဖြစ်ပါတယ်။
Qhouirunnisa’ ရဲ့ဘောလုံးကစားဟန်ဟာ အေရိုးဗစ်ကကွက်တွေနဲ့ဆင်တဲ့အတွက် မလေးရှားအမျိုးသမီးထုကြား ရေပန်းစားနေသူတစ်ဦးဖြစ်ပါတယ်။