ဇူလိုင် ၁၀ ။ ။ ဆေးလိပ်ခိုးသောက်သူတွေကို ဖမ်းဆီးအရေးယူနိုင်ဖို့ အဆင့်မြင့်လျှို့ဝှက်ကင်မရာတွေ တပ်ဆင်သွားမယ်လို့ စင်ကာပူအစိုးရကပြောပါတယ်။
စင်ကာပူနိုင်ငံဟာ စည်းကမ်းတင်းကျပ်တဲ့နိုင်ငံဖြစ်သလို တချို့နေရာတွေမှာလည်း ဆေးလိပ်သောက်ခွင့်ပိတ်ပင်ထားပြီး စင်ကာပူဒေါ်လာ ၁၀၀၀ (အမေရိကန်ဒေါ်လာ ရ၄၀) ဒဏ်ငွေဆောင်ရပါတယ်။
အာဏာပိုင်တွေကတော့ ဆေးလိပ်မသောက်ရနယ်မြေတွေမှာ ဆေးလိပ်သောက်တဲ့သူတွေကို အရေးယူဖို့ လျှို့ဝှက်ကင်မရာတွေတပ်ဆင်သွားမယ်လို့ Straits Times က တနင်္လာနေ့မှာ ထုတ်ပြန်ထားပါတယ်။
လျှို့ဝှက်ကင်မရာတွေကို စင်ကာပူနိုင်ငံ နေရာအနှံ့အပြားမှာတပ်ဆင်သွားမှာဖြစ်ပြီး စည်းကမ်းမဲ့ အမှိုက်ပစ်တဲ့သူ၊ တံတွေးထွေးတဲ့သူတွေကိုပါ အရေးယူနိုင်မယ်လို့သိရပါတယ်။