ဇွန် ၂၂၊ ဘိုဂိုတာ။ ။ ကိုလံဘီယာ မူးယစ်တိုက်ဖျက်ရေးရဲတပ်ဖွဲ့ဟာ ဘိုဂိုတာလေဆိပ်မှာ နယ်သာလန်ကိုပို့ဆောင်မယ့် ပုံးတစ်ခုအတွင်းက ကိုကင်းတွေစိုနေတဲ့ ကိုလံဘီယာ ဘောလုံးဂျာစီတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။
ပုံးထဲမှာ ကိုလံဘီယာ ကမ္ဘာ့ဖလား ဘောလုံးဂျာစီ စုစုပေါင်း ၁၄ ထည်ပါဝင်ပြီး အဲဒီဂျာစီတွေမှာ စွတ်ထားတဲ့ ကိုကင်းအရည်က အလေးချိန် ၁၁ ပေါင်ခန့်ရှိပါတယ်။
ဘောလုံးအပေါ် ပရိသတ်တွေရဲ့အားပေးမှုကို အခွင့်ကောင်းယူခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒုစရိုက်သမားတွေဟာ ဓါတုနည်းလမ်းနဲ့ မူးယစ်ဆေးတွေကို အရည်ပျော်အောင်လုပ်ပြီးအဝတ်အစားတွေမှာ စွတ်ထားခဲ့တာ ဖြစ်ပါတယ်။
ပြီးတဲ့အခါမှာ ကျွမ်းကျင်သူတွေရဲ့အကူအညီနဲ့ ကိုကင်း တစ်ဂရမ်တောင် အလေအလွင့်မရှိရအောင် ပြန်လည်ထုတ်ယူမှာ ဖြစ်တယ်လို့လည်း ရဲတစ်ဦးက ဆိုပါတယ်။
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ ကိုလံဘီယာအသင်း ဝတ်ဆင်နေတဲ့ဂျာစီနဲ့ဆင်တူတဲ့ အဲဒီ ကိုကင်းဂျာစီတွေဟာ တခြားပုံမှန် ကိုလံဘီယာအဝတ်အထည်တွေနဲ့အတူရောပြီး နယ်သာလန်နိုင်ငံ ဂရိုနင်ဂျာကို ပို့ဆောင်ဖို့ ကြိုးစားခံရတာပါ။
ဂျာစီတစ်ထည်ချင်းစီမှာ ကိုကင်း ၅ ကီလိုလောက် စွတ်ထားတယ်လို့လည်း သိရပါတယ်။ ဒီပါဆယ်ပုံးကို ပို့ဆောင်တဲ့သူကို စုံစမ်းနေဆဲဖြစ်ပြီး ဘာရန်ကွီလာမြို့လိပ်စာနဲ့ဖြစ်တယ်လို့ ရဲက ပြောပါတယ်။
UN ရဲ့ထုတ်ပြန်ချက်အရ ကိုလံဘီယာဟာ ကိုကင်းကုန်ကြမ်းဖြစ်တဲ့ ကိုကာရွက်အပြင် မူးယစ်ဆေးဝါးအများဆုံး ထုတ်လုပ်တဲ့ နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။
Ref; AFP