မကွေး၊ ဇွန် ၂၁ ။ ။ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်တွင် မိုးစပါး (ဧရာမင်း)စပါးမျိုး မျိုးစေ့ထုတ် စိုက်ပျိုးမည့် တောင်သူများ အား ဇွန်လ၂၁ ရက်နေ့က စလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မျို းစေ့များ ထောက်ပ့ံပေးအပ်ခဲ့ကြောင်း သိရသည်။
(၂၀၁၈-၂၀၁၉) မိုးစပါးစိုက်ပျိုးရာသီ စလင်းမြို့နယ်တွင် ( ဧရာမင်း)စပါးမျို း မျိုးစေ့ထုတ်စိုက်ပျိုးမည့် တောစိမ့် ကျေးရွာအုပ်စုနှင့်ရှမ်းစုကျေးရွာအုပ်စုများမှ တောင်သူ (၂၃)ဦး စပါးဧက (၁၀၀)စိုက်ပျိုးမည့်တောင်သူများ အတွက် (ဧရာမင်း)စပါးမျိုးစေ့တင်း (၁၀၀ )ထောက်ပ့ံ ပေးခဲ့ကြောင်း စလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်လင်းက ပြောသည်။
“ (ဧရာမင်း) မျိုးစေ့ထုတ်တွေ ထုတ်ပြီး တောင်သူတွေဆီကို မျိုးစေ့ပြန်ဖြန့်မှာပါ ၊ဖြစ်ထွန်းလာတဲ့စပါးကိုလည်း ကျွန်တော်တို့ ဌာနက တောင်သူတွေဆီကနေ ပြန်ဝယ်မှာပါ ၊(ဧရာမင်း)စပါးမျိုးက ထွက်နှုန်းကောင်းမျိုး မဟုတ်ပါဘူး။ အရည်အသွေးကောင်းမျိုးပါ ။ ဒီစပါးမျိုးတွေ တောင်သူတိုင်း ဝယ်မရဖြစ်နေတဲ့အတွက် မျိုးစေ့ထုတ်စိုက်ပျိုးမယ့် တောင်သူတွေကို စိုက်ပျိုးဖို့ရန်အတွက် မျိုးစေ့တွေ ထောက်ပ့ံတာပါ” ဟု ဦးမြင့်လင်းကပြောသည်။
အဆိုပါ(ဧရာမင်းစပါး)မျိုးစေ့များကိုစလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးမြင့်လင်းက ကျေးရွာတာဝန်ခံ တောင်သူများအား လွှဲပြောင်းပေးအပ်ခဲ့သည်။
"(ဧရာမင်း)စပါးကတစ်ဧက စပါးတင်း(၈၀ရဲ့၁၀၀)အထိထွက်နိုင်ပါတယ် မျိုးစေ့ထုတ်စိုက်ပျိုးတဲ့စိုက်ခင်းတွေက်ို စိုက်ပျိုးထားတဲ့ တောင်သူတွေနဲ့စိုက်ပျိုးရေးဌာနတို့ ပူးပေါင်းပြီး ရိမ်သိမ်းတဲ့အချိန်ထိပူးပေါင်းဆောင်ရွက် သွားမှာပါ” ဟု ဦးမြင့်လင်းကပြောသည်။
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် KOREA PRIGRAM ON INTERNATIONAL AGRICULTUREကိုရီးယားအပြည်ပြည်ဆိုင်ရာစိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်ရေး အစီအမံတို့မှ စပါးမျိုးစေ့များ ထောက်ပံ့ရေး ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
“ အရည်အသွေးကောင်း (ဧရာမင်း)စပါးမျိုး မျိုးစေ့ထုတ်တွေ အပြင်မှာ ဝယ်မရဖြစ်နေချိန်မှာ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ထောက်ပံပေးတဲ့အတွက် ကျွန်တော်တို့ တောင်သူတွေ အခုစိုက်ပျိုးနိင်ပါပြီ၊ ဖြစ်ထွန်းလာတဲ့ စပါးကို ပြန်ဝယ်ပေးမယ်လို့လည်း သိရတဲ့အတွက် အောင်မြင်အောင် စိုက်ပျိုးသွားပါမယ်” ဟု တောစိမ့်ကျေးရွာတောင်သူ တစ်ဦးကပြောသည်။
အဆိုပါ(ဧရာမင်း) မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့များ ထောက်ပ့ံပေးအပ်ပွဲတွင် စလင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးမှူးဦးမြင့်လင်းနှင့်စိုက်ပျိုးရေးဝန်ထမ်းများ တောင်သူများတက်ရောက်ခဲ့သည်။