ဇွန် ၁၂ ။ ။ သမိုင်းဝင် ထိပ်သီးအစည်းအဝေးတက်ဖို့ စင်ကာပူကို ရောက်ရှိစဉ် ကာလအတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျံုအန်းကတော့ ကြယ်ငါးပွင့်အဆင့်ရှိ အဆင့်မြင့် ဟိုတယ်ကြီးတစ်ခု တည်းခိုခဲ့တယ်ဆိုပေမယ့် အဲဒီ ဟိုတယ်မှာ ရှိတဲ့ အိမ်သာကိုတော့ ကင်မ်တစ်ယောက် အသုံးပြုခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။
ကင်မ်ကတော့ သမိုင်းဝင် အစည်းအဝေး ကျင်းပရာ စင်ကာပူနိုင်ငံဆီကို အလွယ်တကူ သယ်လို့ရတဲ့ ၎င်းရဲ့ ကိုယ်ပိုင် အိမ်သာကိုပါ တစ်ပါတည်း သယ်လာခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
ထိပ်သီးအစည်းအဝေး ကာလစဉ် တည်းခိုနေထိုင်တဲ့ St. Regis Singapore ဟိုတယ်မှာ ကင်မ်တစ်ယောက် check in လုပ်ရာမှာတော့ တန်ဖိုးကြီး ပြင်သစ် French Breche de Benou marble ကျောက်သားနဲ့ ဆင်ယင်ထားပြီး အလွယ်တကူ သယ်လို့ရတဲ့ ရေချိုးခန်းတစ်ခု ပါ၀င်ခဲ့တယ်လို့ သိရပါတယ်။ ယင်းထဲမှာတော့ ရေချိုးကန်တစ်ခု၊ သလင်းကျောက်သားတပ် ရေနွေးငွေ့အခန်းတစ်ခု၊ gym တစ်ခုတို့ ပါတယ်လို့လည်း သိရပါတယ်။ အဆင်အပြင်တွေက တန်ဖိုးကြီးလှပ ပေမယ့် ကင်မ်ကတော့ ယင်းကို ၎င်းရဲ့ ကိုယ်ပိုင်အိမ်သာအတွက် အသုံးပြုဖို့ စီစဉ်ခဲ့တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားသတင်းစာ The Chosun llbo အရ ကင်မ်ဟာ စင်ကာပူမှာ ရှိတဲ့ ဘယ်အိမ်သာကိုမှ အသုံးပြုခဲ့ခြင်း မရှိဘူးလို့ ဆိုထားပါတယ်။ ဒါဟာ ကင်မ်အနေနဲ့ သူ့မစင်ကို ဓာတ်ခွဲကြည့်ဖို့ ကြိုးစားလာမှာကို စိုးရိမ်လို့ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
အဆိုပါ ကင်မ်ရဲ့ ကိုယ်ပိုင် အိမ်သာခန်း ဆိုတာကိုတော့ ကင်မ် မရောက်ခင်ကတည်းက စင်ကာပူကို ကြိုတင် ပို့ဆောင်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ တစ်ခြား ကျည်ကာ ဇိမ်ခံကားကြီးတစ်စီး၊ အစားအသောက်တွေနဲ့ အခြားအသုံးအဆောင်တွေကိုပါ ကင်မ်ရောက်ခင် ကြိုပို့ထားခဲ့တယ်လို့ သိရပါတယ်။