မေ ၃၀ ။ ။ အိန္ဒိယနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံအကြား စစ်ရေးပိုင်းနှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို တိုးမြှင့်သွားရေး သဘောတူညီခဲ့ကြကြောင်း သိရသည်။
နိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသော အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီအား အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဂျာကာတာမြို့ သမ္မတအိမ်တော်တွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့သည်။
ယင်းနောက် နှစ်နိုင်ငံအကြား ကာကွယ်ရေး၊ လုံခြံုရေး နှင့် နည်းပညာ ဆိုင်ရာ သဘောတူညီချက် ၁၅ ခုကို အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီနှင့် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီတို့က မေလ ၃၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
ယနေ့ ကမ္ဘာပေါ်တွင် မတည်ငြိမ်မှုများ ပိုမိုအရှိန်မြင့်လာနေချိန် ယခု မိုဒီ၏ ခရီးစဉ်က လွန်စွာ အရေးပါလှကြောင်း အင်ဒိုသမ္မတက ပြောသွားသည်။
ယခု ခရီးစဉ်သည် အိန္ဒိယဝန်ကြီးချုပ်အတွက် ပထမဆုံးသော အင်ဒိုနီးရှား ခရီးစဉ်လည်း ဖြစ်သည်။