ရီးယဲလ်မက်ဒရစ်အသင်း ကွင်းလယ်လူ အစ္စကိုက ၎င်းရဲ့ လက်ရှိစာချုပ်မှာ နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီး စာချုပ်သစ်ချုပ်ဆိုထားနိုင်ခြင်း မရှိသေးသေးပေမယ့် အသင်းမှာ "နှစ်ပေါင်းများစွာ"ကြာ ဆက်ရှိလိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အသက် ၂၅ နှစ်ရှိ အစ္စကိုဟာ ဇီဒန်းရဲ့ ပထမလူစာရင်းမှ ချန်လှပ်ခံရမှုများရှိခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့လာများမှာ အသင်းအတွက် ခြေစွမ်းပြကစားခဲ့ပြီး ပြီးခဲ့တဲ့တစ်ပတ်က စပိန်အသင်းက အီတလီကို ၃-၀ ဂိုပြတ်ဖြင့် အနိုင်ရတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အထူးကောင်းမွန်တဲ့ ဂိုး ၂ ဂိုးကို သွင်းယူခဲ့ပါတယ်။
ရီးယဲလ်အသင်းက အစ္စကို,ကို တစ်ရာသီလျှင် ယူရို ၆ သန်းရရှိစေမယ့် ၂၀၂၁ ခုနှစ်အထိ အသင်းမှာ ဆက်ရှိနေမယ့် စာချုပ်သစ်တစ်ရပ်နှင့် စာချုပ်လျော်ကြေးပေါင် သန်း ၆၅၀ ဖြင့် ချုပ်ဆိုသွားမယ်လို့ သဘောတူညီခဲ့ကြောင်း ပြီးခဲ့တဲ့လက သတင်းတွေ ထွက်ခဲ့ပေမယ့် လက်ရှိမှာ စာချုပ်လက်မှတ်ရေးနိုင်ခြင်း မရှိသေးပေ။
"ကျနော်ဟာ အသင်းအတွက် ကစားရချိန်နည်းပေမယ့် အဲဒီအခိုက်အတန့်လေးမှာပဲ ရီးယဲလ်မက်ဒရစ်မှာ အောင်မြင်မှုတွေ ရယူဖို့ အမြဲစဉ်းစားနေပါတယ်။"လို့ အစ္စကိုက ပြောပါတယ်။
"ရီးယဲလ်အသင်းမှာ ပုံမှန်ကစားခွင့် မပေးနိုင်မှန်း သိပေမယ့် ကျနော် ဒီကို ရောက်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာ အသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ပြီး အလွန်သက်တောင့်သက်သာရှိတယ်လို့ ခံစားရပါတယ။် ရီးယဲလ်နှင့် စပိန် နှစ်သင်းလုံးအတွက် အခုလိုမျိုး ခြေစွမ်းပြပြီး နှစ်ပေါင်းများစွာ ကစားသွားနိုင်ဖို့ မျှော်လင့်ထားပါတယ်။"
Ref; ESPN