သြဂုတ် ၂၅ ။ ။ ယနေ့ သြဂုတ်လ ၂၅ ရက် မနက်ပိုင်းမှ စတင်ပြီး မောင်တောမြို့ရှိ ရဲကင်း၊ ရဲစခန်းများအား အကြမ်းဖက် တိုက်ခိုက်သူများက သေနတ်များ၊ လက်ပစ်ဗုံးများဖြင့်ပါ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း တွေ့ရသည်။
ယနေ့ တိုက်ခိုက်ခံရမှု ၃၁ ခု ဖြစ်ပွားခဲ့ပြီး နံနက် ၃ နာရီခွဲတွင် နေရာ လေးနေရာ တပြိုင်နက် တိုက်ခိုက်ခံခဲ့ရပြီး ရပ်ကွက် ၅ ရဲကင်းစခန်း၊ ရွာသစ်ကေ ရဲကင်းစခန်းအား လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ မြို့ဝင်တံတား ရဲကင်းစခန်းအား သေနတ်ဖြင့် ပစ်ခံရခြင်း၊ နတလ ရဲကင်းများအား လာရောက်ပစ်ခတ်ခြင်း၊ ယာဉ်ထိန်းရဲရုံး နှင့် မူးယစ်ရဲတပ်ဖွဲ့ရုံးများအတွင်းသို့ ဓာတ်ဆီပုလင်း ( လက်လုပ်ဗုံး) ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ခံခဲ့ရသည်။
နံနက် ၃ နာရီ ၂၅ မိနစ်တွင် နယ်မြေ (၅) ရှိ လောင်းဒုံ စခန်း၊ နံနက် ၁ နာရီတွင် နယ်မြေ (၆) ရှိ မောင်းနီ ကင်း စခန်း၊ နံနက် ရ နာရီ ၃၅ မိနစ်တွင် နယ်မြေ (၆) ရှိ ကျောက်ပြင်ဆိပ်ကင်းစခန်း၊ နံနက် ၀၀၅၀ မိနစ်တွင် နယ်မြေ (၇) ရှိ ပဒင်းခေါင်းတကာ ကင်းစခန်းနံနက် ၁ နာရီ မိနစ် ၂၀ တွင် နယ်မြေ (၇) ရှိ ပညောင်ပင်ကြီး ကင်းစခန်းများအားလည်း သေနတ်ဖြင့် တိုက်ခိုက်ခံခဲ့ရသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ပြန်ထားသည်။