သြဂုတ် ၂၁၊ လန်ဒန်။ ။ ဝင်ဘာလေကွင်းတွင် စပါးအသင်းကို ၂-၁ ဂိုးဖြင့်အနိုင်ရပြီးနောက် ချယ်လ်ဆီးကစားသမားများကိုနည်းပြကွန်တီက ချီးကျူးခဲ့ပြီး စပါးနည်းပြပိုချက်တီနိုအနေဖြင့်လည်း ယင်းကွင်းတွင် ရလဒ်ဆိုးများနှင့်ထပ်ကြံုရနိုင်ကြောင်း သတိပေးသွားခဲ့သည်။
ကွန်တီက “ဒီနေ့တော့ ဖိုက်တာတွေကို ကျွန်တော်တွေ့ခဲ့ရတယ်။ ဒဏ်ရာရပွဲပယ်တွေနဲ့ တကယ်မလွယ်တဲ့အချိန်မှာ ကောင်းတဲ့ အလားအလာတွေကို မြင်လိုက်ရတာ အသေအချာပဲ။
ဟာဇက်နားနေရသေးတာကို မမေ့လိုက်ပါနဲ့။ ဒါတောင် စပါးပိုအဝေးကွင်းမှာကစားပြီး အနိုင်ရလိုက်တာ တကယ်ကောင်းတဲ့ ရလဒ်ပဲ။ ပွဲထဲမှာကျွန်တော်တို့ခံခဲ့ရပေမယ့် ဒါက သာမန်ပဲလေ။ ကျွန်တော်တို့က အချိန်တိုင်းမှာ အန္တရာယ်ပေးနိုင်တယ်ဆိုတာ ပြနိုင်ခဲ့တယ် ထင်ပါတယ်။
ဝင်ဘာလေက တကယ့်ကွင်းကောင်းကြီး တစ်ကွင်းဖြစ်ပြီး ခမ်းနားထည်ဝါတယ်။ ဒါပေမဲ့ အဲဒီလိုခမ်းနားထည်ဝါတာက ပြိုင်ဘက် အသင်းတွေအတွက်လည်း ကောင်းကောင်းခံစားမိစေတယ်”ဟု ပြောသည်။
စပါးအသင်းမှာ ဝင်ဘာလေကွင်းတွင်ကစားသော ၁၀ ပွဲတွင် ရှစ်ပွဲထိရှုံးထားပြီး လက်ရှိရာသီတွင် အိမ်ကွင်းပွဲအားလုံးကို အဆိုပါ ကွင်း၌ကစားရမည်ဖြစ်သည်။
Ref; Daily Mail